သမုစ္စည်းပိုင်းဘာသာဋီကာ
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
စာမျက်နှာ(၅၄၇-၅၅၁)
ဒွါသတ္တတိဝိဓာ ဝုတ္တာ, ဝတ္ထုဓမ္မာ သလက္ခဏာ၊
တေသံ ဒါနိ ယထာယောဂံ, ပဝက္ခာမိ သမုစ္စယံ။
အနုသန္ဓေ။ ။"စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ သဗ္ဗထာ" ဟူသောခေါင်းစဉ်မာတိကာအတိုင်း စိတ် စေတသိက် ရုပ် နိဗ္ဗာန်တို့ကို အကျယ်ပြပြီးဖြစ်သော
ကြောင့် အဘိဓမ္မတ္ထသင်္ဂြိုဟ်ကို အဆုံးသတ်မည်ဆို
လျှင် အဆုံးသတ်နိုင်သော်လည်း ထိုပရမတ္ထတရားတို့
ကို သဘောတူချင်း ပေါင်းသင်း စုစည်းလျက် တစ်နည်း ဆက်ပြလိုသောကြောင့် "ဒွါသတ္တတိဝိဓာ" အစချီသော ဂါထာကို မိန့်ဆိုတော်မူပြန်သည်။
ဝတ္ထုဓမ္မာ လက္ခဏာ။ ။အာကာသဓာတ်စသော အနိပ္ဖန္နရုပ်တို့သည် ရုပ်ပိုင်း၌ ပြခဲ့သည့်အတိုင်း မိမိဆိုင်ရာလက္ခဏာ ရှိသဖြင့် "သလက္ခဏာ" ဟု ဆိုထိုက်ပါသော်လည်း အထည်ကိုယ်ဝတ္ထု ရကောင်း
သော ဝတ္ထုဓမ္မ ပရမတ္ထအစစ် မဟုတ်ကြသောကြောင့်
ဒွါသတ္တတိအရ၌ မပါဝင်နိုင်၊ ဆက်ဦးအံ့-အနိပ္ဖန္နရုပ်တို့
သည် ဓမ္မာယတန ဓမ္မဓာတ်၌ သွင်းပြလတ္တံ့ ဖြစ်၍ ဤသမုစ္စည်းပိုင်းမှာ အသုံးဝင်လျက်ရှိ၏ ၊ သို့သော် ဒွါသတ္တတိအရ၌ကား ယောဂီတို့ ဧကန် သိထိုက်သော
အဘိညေယျတရားစုကိုသာ ဤကျမ်းဆရာ ပြလိုရင်း ဖြစ်သည် ၊ ထို့ကြောင့် ကမ္မဋ္ဌာန်းစီးဖြန်းရာတွင် အသုံးမဝင်သော အသမ္မသန အနိပ္ဖန္နရုပ်များကို ဒွါသတ္တတိအရ၌ သွင်းတော်မူ။
နာမရူပပရိစ္ဆေဒ။ ။အဘိညေယျသဘာဝေန, ဒွါသတ္တတိ သမီရိတာ။
[အဘိညေယျသဘာဝေန-ယောဂီမှန်လျှင် ဧကန် သိထိုက်သောတရား၏အဖြစ်ကြောင့် ၊ ဒွါသတ္တတိ-(၇၂)ပါးသောတရားကိုသာ ၊ သမီရိတာ-ဆိုအပ်ပြီ။ ]
ပဝက္ခာမိ သမုစ္စယံ။ ။သဟ ဥစ္စီယန္တေ ဧတ္ထ ဧတေန ဝါတိ သမုစ္စယော ၊
ဧတ္ထ-ဤအပိုင်း၌ ၊ ဝါ-တစ်နည်း ၊ ဧတေန-ဤအပိုင်း
ဖြင့် ၊ ဓမ္မာ-ပရမတ္ထတရားတို့ကို၊ သဟ-အတူတကွ၊ (တစ်နည်း, သံပိဏ္ဍေတွာ-သဘောတူရာကို ပေါင်း၍၊)
ဥစ္စီယန္တေ-စုစည်းအပ်ကုန်၏ ၊ ဣတိ-ထို့ကြောင့်၊ သော-ထိုအပိုင်းသည် ၊ သမုစ္စယော-သမုစ္စည်းမည်၏၊
"အာသဝမည်သော တရားတစ်စု, သြဃမည်သော တရားတစ်စု စသည်ဖြင့် သဘောတူတရားတို့ကို ပေါင်းစည်းပြရာ-ပေါင်းစည်း၍ ပြကြောင်းဖြစ်သောအ
ပိုင်း" ဟူလို။ [အခြားပုဒ်များ၏ အဓိပ္ပါယ်နှင့်တကွ ဒွါသတ္တတိသရုပ်ကို အခြေပြု၌ ပြခဲ့ပြီ။ ]
အကုသလသင်္ဂဟ
အာသဝ။ ။စိရပါရိဝါသိယဋ္ဌေန အာသဝါ ၊ စိရပါရိဝါ
သိယဋ္ဌေန-ကြာမြင့်စွာထုံအပ်သည်၏အဖြစ်ဟူသော အနက်ကြောင့်၊ အာသဝါ-အာသဝတို့ မည်၏ ၊ ဤအလို-အာသဝသဒ္ဒါသည် စိရပါရိဝါသိယတ္ထကို ဟောသော (ကြာမြင့်စွာထုံအပ်သော အနက်ဒြဗ်တစ်
ခုခုကိုဟောသော) အနိပ္ဖန္နပါဋိပဒိကပုဒ်ဖြစ်၍ ဝိဂြိုဟ်မပြုရ၊ တစ်နည်း-"အာသဝန္တိ စိရံ ပရိဝသန္တီတိ အာသဝါ, အာသဝါ ဝိယာတိ အာသဝါ" ဟု ဝိဂြိုဟ်ပြု
လိုလျှင် ပြုရသေး၏၊ အာသဝန္တိ စိရံ ပရိဝသန္တိ-ကြာမြင့်
စွာထုံတတ်ကုန်၏ ၊ ဣတိ-ကြောင့်၊ အာသဝါ-အာသဝ
တို့ မည်၏၊ [ကြာမြင့်စွာစွဲနေသော ထုံနေသော အရက် စိမ်ရည်ကို ရ၏ ၊ ] ယေ-အကြင်တရားတို့
သည်၊ အာသဝါ ဝိယ-အရက် စိမ်ရည်နှင့် တူကုန်၏၊ ဣတိ-ကြောင့် ၊ တေ-ထိုတရားတို့သည်၊ အာသဝါ-အာ
သဝတို့ မည်၏ ။
ချဲ့ ဦးအံ့-ဤလောက၌ ကြာမြင့်စွာ ထုံအပ် စိမ်ထား
အပ်သော အရက် စိမ်ရည်သည် သုံးစွဲ သောက်စားသူ
ဟူသမျှကို မူးယစ်စေကုန်၏ ၊ သောက်စားမိလျှင် အကောင်းအဆိုး အကျိုးအပြစ်ကို မမြင်နိုင်ဘဲ တမူးထဲမူးကာ ထင်မိထင်ရာကိုပြုလျက် အမှုဒုက္ခအ
မျိုးမျိုးကို တွေ့ကြရတော့၏ ၊ အမှုဒုက္ခ မတွေ့ရရစေ
ကာမူပညာရှိသူတော်ကောင်းတို့၏ အထင်အမြင်သေး
ခြင်းကိုကား မုချခံရတော့သကဲ့သို့ ထို့အတူ ပုထုဇဉ်တို့၏ ခန္ဓာကိုယ်ဆိုး အရက်အိုးဝယ် အနမတဂ္ဂသံသရာ၌ ကြာမြင့်စွာထုံအပ်သော လောဘ ဒိဋ္ဌိ မောဟတို့လည်း မိမိတို့ ထကြွလာသော
အခါ မိမိကိန်းရာ ပုထုဇဉ်သတ္တဝါတွေကို တွေဝေယစ်
မူး၍ အရူးဖြစ်စေကြကုန်၏၊ ထိုလောဘ,ဒိဋ္ဌိ,မောဟ
ဟူသော အာသဝေါတရားစုကြောင့် မကောင်းမှု ဒုစရိုက်တွေကိုပင် အကောင်းထင်လျက် ခင်ခင်မင် မင် ပြုနိုင်ကြကုန်၏၊ ထိုဒုစရိုက်မှုတွေကြောင့် ပုထုဇဉ် အများသည် အပါယ်လေးပါး၌ စုဝေးကြရကုန်၏ ၊ တကယ်ဒုက္ခနှင့် မတွေ့ရစေကာမူ သူတော်စင်တို့၏ အထင်အမြင်သေးခြင်းကိုကား ဧကန်မုချခံကြရတော့
သည်၊ ထို့ကြောင့် လောဘ ဒိဋ္ဌိ မောဟတို့သည် ကြာ
မြင့်စွာထုံအပ်သော စိမ်ရည်အရက်များနှင့် အလားတူ
ကြသည် ။ [ဆောင်ပုဒ်ကို အခြေပြု၌ ပြခဲ့ပြီ။ ]
မရိယာဒါဝဓိ။ ။တစ်စုံတစ်ခုသော ကြိယာကို ပိုင်း
ခြားကန့်သတ်ရာအနက်သည် အဝဓိ မည်၏ ၊ အပါဒါန်နှင့် သဘောတူပင်တည်း၊ ထိုအဝဓိသည် မရိယာဒါဝဓိ အဘိဝဓိအဝဓိဟု နှစ်မျိုးရှိ၏ ၊ ထိုတွင် လယ်ကန်သင်းသည် လယ်ကိုထက်ဝန်းကျင်မှ ပိုင်းခြားသကဲ့သို့, ထို့အတူ မိမိအပေါ်သို့ ကြိယာမရောက် မနှံ့စေဘဲ ကြိယာကို ပိုင်းခြားသော
အဝဓိသည် မရိယာဒါဝဓိမည်၏ ၊ ပရိသမန္တတော အာဒဒါတိ အဝခဏ္ဍတီတိ မရိယာဒေါ ၊ [ပရိ+အာ+ဒါ
ဓာတ်, ပရိ၌ ပ ကို မ ပြု, ယ အာဂုံ၊ ] ပုံစံကား-"အာပါ
ဋလိပုတ္တာ ဝုဋ္ဌော ဒေဝေါ" စသည်တည်း၊ အာပါဋလိပုတ္တာ-ပါဋလိပုတ်ပြည်တိုင်အောင်(ပါဋလိ
ပုတ်ပြည်နားရောက်အောင်)၊ ဒေဝေါ-မိုးသည်၊ ဝုဋ္ဌော-ရွာပြီ၊ ဤ၌ ပါဋလိပုတ်ပြည်သည် မိုးရွာခြင်းကြိယာကို
(မိမိအပေါ်မလွှမ်းမရောက်စေဘဲ) ပိုင်းခြားကန့်သတ်
သောကြောင့် မရိယာဒါဝဓိမည်၏၊ ပါဋလိပုတ်သဒ္ဒါ
သည်ကား အနက်ကို အကြောင်းပြု၍ ကာရဏူပစာရ
အားဖြင့် မရိယာဒါဝဓိ မည်၏ ၊ အာသဒ္ဒါကား ထို အဝဓိကို ထွန်းပြသောသဒ္ဒါဖြစ်၍ နာနန္တရိကနည်းအား
ဖြင့် မရိယာဒါဝဓိအနက်ရှိသည်ဟုပင် ဆိုရတော့သည်။
အဘိဝိဓိအဝိဓိ။ ။မိမိအပေါ်သို့ ကြိယာကို ပျံ့ နှံ့ စေလျက် (မိမိအပေါ်သို့ထိရောက် လွှမ်းမိုးစေလျက်)
ပိုင်းခြားတတ်သော အဝဓိသည် အဘိဝိဓိအဝဓိမည်
၏ ၊ [အဘိဘဝိတွာ ဝိဓီယတိ ဧတ္ထာတိ အဘိဝိဓိ၊ ဧတ္ထ-ဤအဝဓိ၌၊ အဘိဘဝိတွာ-လွှမ်းမိုး၍၊ ကြိယာ-ကြိယာကို၊ ဝိဓီယတေ-ထားအပ်၏၊ ဣတိ-ကြောင့်၊ အဘိဝိဓိ-အဘိဝိဓိမည်၏၊ ] ပုံစံကား-အာဘဝဂ္ဂါ ဘဂဝတော ယသော ပဝတ္တတိ" စသည်တည်း၊အာဘ ဝဂ္ဂါ-ဘဝဂ်တိုင်အောင်(ဘဝဂ်ဟု ခေါ်အပ်သော နေဝသညာနာသညာယတနဘုံကို လွှမ်းမိုး၍)၊ ဘဂဝတော-မြတ်စွာဘုရား၏၊ ယသော-ကျော်စောသံ
သည်၊ ပဝတ္တတိ-ဖြစ်၏၊ ဤ၌ ဘဝဂ်သည် ကျော်စော
သံဖြစ်ခြင်းကြိယာ၏ လွှမ်းခြုံမိရာဖြစ်၍ ထိုကျော်စော ရာအရပ်ကို ပိုင်းခြားသောကြောင့် မုချအဘိဝိဓိအဝဓိ မည်၏၊ ဘဝဂ္ဂပုဒ်နှင့် အာသဒ္ဒါတို့ အဘိဝိဓိအဝဓိအ
မည်ရပုံကိုလည်း ရှေးနည်းအတိုင်း သိပါ ။
ဋီကာကျော်။ ။အဝဓိ စ ပရိယာဒါဘိဝိဓိဘေဒတော
ဒုဝိဓော၊ တတ္ထ မရိယာဒေါ ကိရိယံ ဗဟိ ကတွာ
ပဝတ္တတိ၊ ယထာ-"အာပါဋလိပုတ္တာ ဒေဝေါ
ဝုဋ္ဌော" တိ၊ အဘိဝိဓိ ပန ကိရိယံ ဗျာပေတွာ
ပဝတ္တတိ၊
ယထာ-"အာဘဝဂ္ဂါ ဘဂဝတော ယသော
ပဝတ္တတီ" တိ ။
ဤ၌ ယူရမည့်အဝဓိ။ ။ထိုနှစ်မျိုးသော အဝဓိတို့
တွင် အာသဝါ၌ အာသဒ္ဒါသည် အဘိဝိဓိအဝဓိအနက်
ရှိ၏၊ ထို့ကြောင့် "အာဘဝဂ္ဂါ, အာဂေါတြဘုမှာ သဝန္တိ
ပဝတ္တန္တီတိ အာသဝါ" ဟု ဝိဂြိုဟ်ပြု၊ အာဘဝဂ္ဂါ-ဘဝဂ်
တိုင်အောင်လည်းကောင်း ၊ အာဂေါတြဘုမှာ-ဂေါတြ
ဘုတိုင်အောင်လည်းကောင်း၊ သဝန္တိ ပဝတ္တန္တိ-ဖြစ်ကုန်
၏၊ ဣတိ-ထို့ကြောင့်၊ အာသဝါ-အာသဝတို့ မည်၏၊ "ဘုံအားဖြင့်ဘဝဂ်တိုင်အောင်, တရားအားဖြင့် သောတာပတ္တိမဂ်၏ ရှေ့က ဂေါတြဘုတိုင်အောင် အာရုံပြုနိုင်သည်" ဟူလို။
မှတ်ချက်။ ။"ဂေါတြဘုတိုင်အောင်" ဟု ဂေါတြဘု
ကို အဆုံးသတ်ထားသော်လည်း ဥပလက္ခဏာနည်း
အားဖြင့် ဂေါတြဘုကို မှတ်သားခြင်း ဖြစ်သည်၊ ဂေါတြဘုနှင့်အလားတူ အထက်မဂ်များ၏ ရှေ့သွား
ဖြစ်သော ဝေါဒါန်, ဖိုလ်တို့၏ရှေ့သွားဖြစ်သော ပရိကံတို့ကိုလည်း အာသဝေါတရားတို့က အာရုံပြုနိုင်
ကြသည်သာ၊
ဆိုလိုရင်းမှာ "လောကုတ္တရာတရားကို ချန်၍ ကျန်လောကီတရားအားလုံးကိုအာရုံပြုနိုင်သည်" ဟု ဆိုလိုသည်။
တစ်နည်း။ ။အာသဝ၌ အာရှေးရှိသော သုဓာတ်
သည် ယိုစီးခြင်းအနက်ကိုဟော၏ ၊ အာသဝန္တီတိ အာသဝါ၊ အာသဝန္တိ-ယိုစီးတတ်ကုန်၏ ၊ ဣတိ-ကြောင့်၊ အာသဝါ-အာသဝတို့ မည်၏ ၊ အနာမှ ပြည်စေးတွေ ယိုစီး၍ကျသလို, စက္ခုဒွါရစသော ဒွါရ(၆)ပေါက်မှ ထိုလောဘစသော စက်ဆုပ်ဖွယ်ရာ
တွေထွက်ပေါ်ယိုစီးလာကြသည်- ဟူလို ။
အာသဝနာမည် ရုဠှီ။ ။ကြာမြင့်စွာသောကာလ၌ ခန္ဓာကိုယ်ဝယ် ထုံအပ်, ဘုံအားဖြင့် ဘဝဂ်, တရား
အားဖြင့် ဂေါတြဘုတိုင်အောင် ပျံ့ နှံ့ နိုင်သည့်အတွက်
"အာသဝ" အမည်ရလျှင် မာနစသည်တို့လည်း ခန္ဓာ
ကိုယ်မှာ ရှည်ကြာသည့်ပြင် ဘဝဂ်, ဂေါတြဘုတိုင်
အောင် အာရုံပြုနိုင်ကြသဖြင့် အာသဝအမည် ရသင့်
သည် မဟုတ်ပါလောဟု မေး ၊ အဖြေကား-အတ္တ, အတ္တနိယဟု စွဲလမ်းခြင်းအားဖြင့်ဘဝဂ် ဂေါတြဘုတိုင်အောင် ပျံ့ နှံ့ ပုံ, မူးယစ်ခြင်း၏အစွမ်း
အားဖြင့် စိမ်ရည် အရက်နှင့်တူပုံက လောဘ ဒိဋ္ဌိ မောဟတို့အပေါ်၌သာ ထင်ရှားသောကြောင့် လောဘစသည်တို့သာ အာသဝအမည်ရ၍ မာနစသည်တို့မှာ အာသဝအမည် မရကြချေ ။
ချဲ့ ဦးအံ့-မာနစသည်တို့သည် ဘဝဂ် ဂေါတြဘုတိုင်
အောင် အာရုံပြုနိုင်သော်လည်း လောဘစသည်တို့
လောက် ပျံ့ ပျံ့ နှံ့နှံ့ မရှိကြ၊ တချို့တချို့ တရားတွေမှာ
မနှံ့နိုင်ဘဲ ကျန်ပေလိမ့်မည်၊ မောဟ၏မိုက်မှောင်မှုမှာ
ဘယ်အရာမဆိုပျံ့ နိုင်၏၊ ဒိဋ္ဌိ၏ "အတ္တ" ဟု စွဲလမ်းမှုကား လောကီတရားအားလုံးကို လွှမ်းခြုံပျံ့ နှံ့ 
နိုင်၏၊ လောဘ၏ "အတ္တ-အတ္တနိယ=အတ္တ၏ဥစ္စာ" ဟု စွဲလမ်းမှုလည်း လောကီတရားအားလုံးကို သိမ်းရုံး
ပိုက်ပွေ့ လျက် ရှိ၏၊ ထို့ကြောင့် အတ္တ-အတ္တနိယစ
သော စွဲလမ်းမှုဖြင့် လောကီတရားအားလုံး အပေါ်မှာ
လောဘစသည်တို့ ပျံ့ နှံ့ ပုံကသာ၍ ထင်ရှားပေသည်၊ ထို့ပြင် အရက်မူးတို့ ရူးနေသလို, စွဲလမ်းဖွယ်မဟုတ်
သော တရားတွေအပေါ်မှာ လွန်စွာစွဲလမ်းစေလျက် သက်သက် အမူးအရူးဖြစ်အောင် ပြုပုံများလည်း လောဘ ဒိဋ္ဌိ မောဟတို့ အပေါ်၌သာ ထင်ရှား၏၊ ထို့
ကြောင့် လောဘ ဒိဋ္ဌိ မောဟ တို့ကိုသာ အထင်ရုဠှီအားဖြင့် အာသဝဟုမှည့်ခေါ်ရပေသည် ။
[ဆောင်] အတ္တ အတ္တ, အတ္တနိယဟု, စွဲလမ်းမှုဖြင့်,
ဂေါတြဘု ဘဝဂ်,ပျံ့ နှံ့တက်၏၊ တစ်ချက်ထူးလစ်,
အရူးဖြစ်အောင်,မူးယစ်စေရိုး,အရက်မျိုးနှင့်,အကျိုး
ထင်ရှား,တူလေငြား၍,သုံးပါးတရားကိုယ်,အာသဝ
ဆိုသည်,မှတ်လို အထင်ရုဠှီတည်း။
သြဃ။ ။အဝတ္ထရိတွာ ဟနန္တီတိ သြဃာ၊ အဝဟနန္တိ သြသီဒါပေန္တီတိ ဝါ သြဃာ၊ သြဃာ ဝိယာတိ သြဃာ၊ အဝတ္ထရိတွာ-လွှမ်းမိုး၍၊ ဟနန္တိ-ညှဉ်းပန်း နှိပ်စက်ကုန်၏၊ ဣတိ-ကြောင့်၊ သြဃာ-သြဃတို့ မည်၏၊ ဝါ-တစ်နည်း၊ အဝဟနန္တိ သြသီဒါပေန္တိ-နစ်မြုပ်စေတတ်, နှစ်မြှုပ်တတ်ကုန်၏၊ ဣတိ-ကြောင့်၊ သြဃာ-သြဃတို့ မည်၏ ၊ [ပကတိရေ
အယဉ်ကို ရ၏ ၊ ] ယေ-အကြင်တရားတို့သည်၊ သြဃာ ဝိယ-ရေအယဉ်နှင့် တူကုန်၏ ၊ ဣတိ-ကြောင့်၊ တေ-ထိုတရားတို့သည်၊ သြဃာ-သြဃတို့မည်၏၊ ပကတိရေအယဉ်သည် ထိုထို အဆောက်အဦးကိုလည်းကောင်း, သတ္တဝါကိုလည်း
ကောင်း လွှမ်းမိုးတတ် နှစ်မြှုပ်တတ်သကဲ့သို့, ထို့အတူ လောဘ ဒိဋ္ဌိ မောဟတို့လည်း မိမိကိန်းရာ သတ္တဝါကို အပါယ်လေးပါးသို့ရောက်အောင် လွှမ်းမိုး
တတ် နှစ်မြှုပ်တတ်သောကြောင့် ရေအယဉ်နှင့် အလားတူကြလေသည်။ [အဝ ရှေးရှိသော ဟနဓာတ်
မှ အဝကို သြပြု, သံဃောပုဒ်ကဲ့သို့ ဟနကို ဃပြု၍ သြဃဟု ရုပ်ဖြစ်သည်၊ ဆောင်ပုဒ်ကို အခြေပြု၌ ပြခဲ့ပြီ။]
ယောဂ။ ။ဝဋ္ဋသ္မိံ သတ္တေ ယောဇေန္တီတိ ယောဂါ၊ ဝဋ္ဋသ္မိံ-ဝဋ်ဆင်းရဲ၌၊ သတ္တေ-သတ္တဝါတို့ကို၊ ယောဇေန္တိ-ယှဉ်စေတတ်ကုန်၏၊ ဣတိ-ကြောင့်၊ ယောဂါ-ယောဂတို့် မည်၏၊ "တစ်စုံတစ်ခုသော ဌာန၌
တစ်စုံတစ်ခုသောဝတ္ထုကို အစေးဖြင့် ကပ်ထားသကဲ့
သို့ သတ္တဝါများကို ဝဋ်ဆင်းရဲ၌ ယှဉ်စပ်ကပ်ထားသော
ကြောင့် လောဘ ဒိဋ္ဌိ မောဟတို့ကို ယောဂဟု ခေါ်သည်၊ [အခြေပြု၌ ဆောင်ပုဒ်ပြခဲ့ပြီ၊] "လှည်း ရထား၌ နွားများကို ကပ်ယှဉ်ထားသလို, ဘဝတည်း
ဟူသော ယန္တရားစက်၌ သတ္တဝါများကိုကပ်ယှဉ်ထား
သောကြောင့်လည်းကောင်း, အကြောင်းကံနှင့်အကျိုး ဝိပါက်ကို ဆက်သွယ် ယှဉ်စပ်ထားသောကြောင့်
လည်းကောင်း, သတ္တဝါတို့ကို ဘဝတစ်ပါးနှင့် ဆက်သွယ် ယှဉ်စပ်ပေးတတ်-ဒုက္ခအမျိုးမျိုးနှင့် ယှဉ်စေတတ်သောကြောင့်လည်းကောင်း ယောဂမည်၏" ဟု အမျိုးမျိုးပြလျက် ရှိ၏။
တရားကိုယ်ကောက်ပုံ။ ။တရားကိုယ် ကောက်ရာ
၌ ဒိဋ္ဌာသဝနှင့် အဝိဇ္ဇာသဝတို့အတွက်မှာ ရှုပ်ထွေး
ချက် မရှိ၊ ဒိဋ္ဌိဟူသမျှ ဒိဋ္ဌာသဝ အမည်ရ၍ မောဟဟူ
သမျှ အဝိဇ္ဇာသဝ အမည်ရသည်၊ ကာမာသဝနှင့် ဘဝါ
သဝအတွက်ကား နိက္ခေပကဏ္ဍ အဋ္ဌာကထာနှင့် မူ လဋီကာတို့ အယူအဆ မတူကြချေ၊ ကာမဂုဏ်ငါးပါး
ကို လိုလား တပ်မက်သော လောဘအကြမ်းစားကို
သာ "ကာမာသဝ" ဟု အဋ္ဌကထာဆို၏၊ မူလဋီကာ၌
ကား "ဘဝါသဝံ ထပေတွာ သဗ္ဗော လောဘော ကာမာသဝေါတိ ယုတ္တံ သိယာ" ဟု ယုတ္တိကို ချိန်ဆ၍
"ဘဝါသဝမှ ကြွင်းသမျှလောဘအားလုံးကို ကာမသဝ" ဟုဆိုလို၏၊ ရူပဘဝ, အရူပဘဝကိုလည်းကောင်း,