Tuesday, March 15, 2016

အဘိဓမ္မာကိုကိုဆည်​ဆည်းပူး ​လေ့လာသူသည်

အဘိဓမ္မာကို ဆည်းပူးလေ့လာသူသည်"

(က) ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ်တို့ကို ခွဲခြားသိရှိလာသဖြင့် အကုသိုလ်စိတ် အဖြစ်နည်းပြီး ကုသိုလ်စိတ် အဖြစ်များရန် နှလုံးသွင်းနိုင်လာသည်။

(ခ) စိတ်ကို ခြယ်လှယ်နေသော စေတသိက်တရားများ၏ သဘောကို သိနားလည်လာသောအခါ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စသည့် အကုသိုလ် စေတသိက်များ အားနည်းလာအောင် ကျင့်ကြံနိုင်လာသည်။ သဒ္ဓါ၊ သတိ၊ ဟီရိ၊ သြတ္တပ္ပ စသော ကုသိုလ် စေတသိက်များ အားကောင်းလာရန်လည်း အားထုတ်နိုင်လာသည်။

(ဂ) ရုပ်၊ နာမ် တို့ကို ပိုင်းခြား၍ သိသောသူသည် အတ္တ ဒိဋ္ဌိ၊ သက္ကာယ ဒိဋ္ဌိ တို့ကို ကာလ အပိုင်းအခြားအားဖြင့် ပယ်ခွာထားနိုင်၏။

(ဃ) ရုပ်၊ နာမ် တရား တို့၌ ဥာဏ်မျက်စိကန်းနေသော အန္ဓပုထုဇဉ် အဖြစ်မှ ရုပ်နာမ် တရားတို့ကို သိမြင်သော ကလျာဏပုထုဇဉ် အဆင့်သို့ တက်လှမ်းနိုင်၏။

(င) ရုပ်နာမ်တရားတို့သည် အကြောင်းမဲ့ ဖြစ်ပေါ်လာသော တရားများ မဟုတ်၊ ဆိုင်ရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြသော တရားတို့ တည်းဟု သိမြင်လာသည့် ပစ္စယပရိဂ္ဂဟဥာဏ် ကိုလည်း ရရှိလာနိုင်၏။

ထိုဥာဏ်ကို ရရှိသောအခါ ရုပ်နာမ်တရားတို့သည် အကြောင်းမရှိဘဲ ဖြစ်ပေါ်လာကြသည်ဟူသော အဟေတုကဒိဋ္ဌိ (အကြောင်းမဲ့ဝါဒ) ကိုလည်းကောင်း၊ ထာဝရဘုရား စသော တန်ခိုးရှင်တို့က ဖန်ဆင်းသည်ဟူသော ဣသရနိမ္မာနဒိဋ္ဌိ (ဖန်ဆင်းရှင်ဝါဒ) ကိုလည်းကောင်း ပယ်စွန့်နိုင်၏။

ထို့ပြင် အလုံးစုံကိုသိမြင်နိုင်သော ဗုဒ္ဓမြတ်စွာ ဟူသည် တကယ်ရှိနိုင်ပါ့မလား၊ ငါသည် ရှေးကဖြစ်ခဲ့ဖူးသလား၊ နောင်ဘ၀ တဖန်ဖြစ်ရလေမည်လား စသည့် ယုံမှားမှုအားလုံးကို ကျော်လွှားနိုင်၏။

ဤကဲ့သို့ သက္ကာယဒိဋ္ဌိနှင့် ယုံမှားမှု ၀ိစိကိစ္ဆာတို့ကို ကြာရှည်စွာ ပယ်ရှားထားနိုင်သော ပုဂ္ဂိုလ်သည် သောတပန်နှင့် အလားတူသဖြင့် စူဋ္ဌသောတပန် ဖြစ်ပြီဟု ဆိုနိုင်သည်။ ဤ ပုဂ္ဂိုလ်သည် နောက်ဘ၀၌ ဧကန်မုချ အပါယ် မလားတော့ချေ။

ဤ အဆင့်သို့ ရောက်ပြီးသောသူသည် ဆက်လက်၍ ၀ိပသနာ တရားကို အားထုတ်ပါက မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် သို့ မကြာမတင် ဧကန်မုချဆိုက်ရောက်နိုင်ပါသည်။
-----------------------------------------------------------------------------------------------
ဒေါက်တာမင်းတင်မွန်၏ တက္ကသိုလ် အဘိဓမ္မာပေါင်းချုပ်၊ စာမျက်နှာ ၃၈- ၃၉ မှ



ကိစ္စကမ္မစတုက္က

#ကိစ္စအစွမ်းဖြင့် ကံ လေးမျိုး။
******************

(၁) ဝိပါက် ကမ္မဇရုပ်ကို ဖြစ်စေတတ်သော ဇနကကံ၊

(၂) ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကကံ၊

(၃) ကပ်၍ နှိပ်စက် တတ်သော ဥပပီဠကကံ၊

(၄) ကပ်၍ ဖြတ်တတ် သတ်တတ်သော ဥပဃာတကကံ ဟူ၍ ၄-ပါး အပြားရှိ၏။

#ဇနကကံ မည်သည်မှာ ကုသိုလ်လည်း ရှိ၏၊ အကုသိုလ်လည်း ရှိ၏၊ ထို ဇနကကံသည် ပဋိသန္ဓေအခါ၌၎င်း ပဝတ္တိအခါ၌၎င်း ကမ္မဇရုပ်နှင့် ဝိပါက် နာမ်ခန္ဓာတို့ကို ဖြစ်စေ၏။

ဥပတ္ထမ္ဘကကံသည်ကား အကျိုးဝိပါက်ကို မဖြစ်စေနိုင်၊ တပါးသော ကံက အကျိုးပေးထားသော ပဋိသန္ဓေ၌ (တပါး သော ကံက) ဖြစ်စေအပ်ပြီးသော အကျိုးဝိပါက်၌ ဖြစ်ဆဲဖြစ်သော ချမ်းသာ ဆင်းရဲကို ထောက်ပံ့ တတ်၏၊ အဓွန့်ရှည်စွာ သော ကာလပတ်လုံး မပြတ်ဖြစ်စေတတ်၏။

ဥပပီဠကကံသည်ကား တပါးသော ကံက အကျိုးပေးထားသော ပဋိသန္ဓေ၌, (တပါးသော ကံက) ဖြစ်စေအပ်ပြီးသော အကျိုးဝိပါက်၌ ဖြစ်ဆဲ ဖြစ်သော ချမ်းသာ ဆင်းရဲကို နှိပ်စက်တတ်၏၊ ညှင်းဆဲတတ်၏၊ အဓွန့် ရှည်စွာသော ကာလပတ်လုံး မပြတ်ဖြစ်ရန် အခွင့်မပေး။

ဥပဃာတကကံသည်ကား မိမိကိုယ်တိုင် ကုသိုလ်သော်၎င်း အကုသိုလ်သော်၎င်း ဖြစ်လျက် တပါးသော အားနည်း သော (အကုသိုလ်ကံ ကုသိုလ်) ကံကို သတ်၍ ထိုကံ၏ အကျိုးဝိပါက်ကို တားမြစ်၍ မိမိ၏ အကျိုး ဝိပါက်အား (ဖြစ်စေရန်) အခွင့်ပြု၏၊ ဤသို့ ကံက အခွင့်ပြုလတ်သော် ထိုအကျိုး ဝိပါက်သည် ဖြစ်ပြီမည်၏ ဟူ၍ ဆိုအပ်၏။

Monday, March 14, 2016

ဝိနည်းနဲ့အညီ လှူတတ်​​စေ။


မဟာဂန္ဓာရုံဆရာ​တော်​ အရှင်ဇနကာဘိဝံသ
----------------------------------------

ဝိနည်းနှင့်အညီ လှူတတ်စေ
----------------------------

အများအားဖြင့် မြန်မာဗုဒ္ဓဘာသာဝင်တို့သည် အမိအဖတို့က ဗုဒ္ဓဘာသာကိုးကွယ်၍ မိမိတို့လည်း လိုက်ပါကိုးကွယ်ကြခြင်း ဖြစ်ပါသည်။ စင်စစ် ဤသည်မှာ သဘာဝကျပါ၏။ ငယ်နုစဉ်အရွယ် ကလေးသူငယ်ဘဝတွင် ဘာသာတရားကို မည်သို့ စိစစ်ရွေးချယ်နိုင်ပါမည်နည်း။ မိဘတို့ကိုးကွယ်သော ဘာသာတရားကိုပင် မိမိတို့လည်း လိုက်ပါကိုးကွယ်ကြခြင်း ဖြစ်ပါ၏။ ဤသည်ကိုပင် မိရိုးဖလာဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုကြသည်။

အားလုံးမှာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်က စကြရသည်ချည်း ဖြစ်၏။ သို့တစေ အတန်အသင့် အရွယ်ရလာ စာဖတ်တတ်လာသော အရွယ်သို့ရောက်သောအခါ မိမိတို့ကိုးကွယ်ရာဘာသာတရားနှင့် စပ်လျဉ်း၍ သိသင့်သိထိုက် သိအပ်သည်တို့ကို လေ့လာသူများနှင့် ထိုသို့ လေ့လာရကောင်းမှန်းမသိသူများဟူ၍ အုပ်စုနှစ်အုပ်စု ခွဲထွက်လာသည်။ မိမိကိုးကွယ်ရာဘာသာတရားကို လေ့လာရကောင်းမှန်းမသိ လေ့လည်းမလေ့လာသူများသည် သာမန်မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်မှ မတက်လှမ်းနိုင်တော့ပေ။ အချို့သည် အမည်ခံ ဗုဒ္ဓဘာသာဝင်ဟု ဆိုရမတတ်ပင်။ ဘာသာရေးနှင့်ပတ်သက်၍ တန်ဖိုးထားရကောင်းမှန်း လေ့လာရကောင်းမှန်းမသိဘဲ စိမ်းဝေးနေကြပေသည်။

မိမိကိုးကွယ်ရာဘာသာတရားကို တကယ်တမ်းစိတ်ဝင်စားပြီး သိရှိလိုသူများကမူ ဓမ္မစာပေများကို ဖတ်ရှု၏။ ဆရာတော်ကြီးများ၏ တရားတော်များကို နာကြား၏။ ထိုသူတို့မှာ သာမန်မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဆင့်မှ မိရိုးဖလာလွန် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်ရှိရန် အားထုတ်နေသူများ ဖြစ်ပါ၏။

စင်စစ်သော် ကိုးကွယ်ရာဘာသာတရားဟူသည် လေ့လာအပ်သောအရာဖြစ်၏။ မိရိုးဖလာဘာသာဟုဆိုကာ ဝတ်ကျေတမ်းကျေ ကိုးကွယ်ရုံသက်သက် ကိုးကွယ်ရမည့်အရာ မဟုတ်ပေ။ သဒ္ဓါနှင့် ပညာယှဉ်ပြီးမှ ဘာသာတရားတစ်ရပ်ကို နည်းမှန်လမ်းမှန် ကိုးကွယ်တတ်ပေလိမ့်မည်။ သဒ္ဓါတရားသက်သက်ချည်းမူ မလုံလောက်ပါ။ သဒ္ဓါတရားဟူသည်မှာလည်း ပညာနှင့်မယှဉ်လေသမျှ သဒ္ဓါအစစ် သဒ္ဓါအမှန်မဟုတ်ပါ။ ပညာနှင့်ယှဉ်မှသာ သဒ္ဓါစစ်သဒ္ဓါမှန် ဖြစ်နိုင်ပါသည်။ ပညာနှင့်ယှဉ်သော သဒ္ဓါစစ်သဒ္ဓါမှန်ဖြင့် ဆောင်ရွက်မှသာ ပြုလေသမျှ ဘာသာရေးကိစ္စများသည် အကျိုးရှိရှိ အရာထင်ထင် ဖြစ်ပေလိမ့်မည်။

ပညာဟူသည် သိသင့်သိအပ်သည်တို့ကို သိရှိခြင်းပင်ဖြစ်ပါသည်။ သိသင့်သိအပ်သော အသိကို အခြေမခံဘဲ ဒါနမှုပြုလျှင် ထိုဒါနမှာ အမြတ်စားဒါန မဖြစ်နိုင်။ ထို့အတူ သိသင့်သိအပ်သော အသိကို အခြေမခံဘဲ သီလဆောက်တည်လျှင်လည်း အမြတ်စားသီလ မဖြစ်နိုင်။ ဘာဝနာအားထုတ်ရာတွင်လည်း ထို့အတူပင် ဖြစ်ပါ၏။

ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အား ဆီမီး ရေချမ်း ပန်း ဆက်ကပ်လှူဒါန်းလေ့ရှိပါသည်။ဆွမ်း ဘောဇဉ် ခဲဖွယ်ချိုချဉ် အသီးအနှံတို့ကိုလည်း ကပ်လှူလေ့ရှိပါသည်။ ထိုသို့ ဆက်ကပ်လှူဒါန်းရာ၌ ရဟန်းတော်များကို ဝိနည်းနှင့်အညီ ဆက်ကပ်လှူဒါန်းသကဲ့သို့ ဆက်ကပ်လှူဒါန်းသင့်ပါသည်။

အချို့သည် ဘုရားကျောင်းဆောင်တွင် ဘုရားရှင်အား သစ်သီးများကို အလုံးလိုက် နေ့ညမရွေး ဆက်ကပ်လှူဒါန်း ထားလေ့ရှိပါသည်။ အမြင်ပသာဒ လှပရေးကိုသာ ပဓာနထားပြီး မိမိ၏ လှူဒါန်းမှုသည် ဝိနည်းနှင့် လျော်ညီခြင်းရှိ မရှိ စဉ်းငယ်မျှပင် စဉ်းစားမှုမပြု အချို့ကလည်း သာသနာပွဲဟုဆိုကာ အုန်းသီး ငှက်ပျောသီးစိမ်းများကို ဘုရားရှင်အား ထာဝစဉ် ဆက်ကပ်ထားလေ့ရှိ၏။ အချို့ကမုန့်များကို အထုပ်လိုက် ဆက်ကပ်တတ်ပြီး အချို့က အချိုရည်ပုလင်းများကို ပုလင်းမဖွင့်ဘဲ ဆက်ကပ်ထားလေ့ရှိ၏။ ဤသည်မှာ ဆွမ်းခဲဖွယ်ဘောဇဉ်ဆိုင်ရာ ဝိနည်းကို နားမလည်ရုံမျှမက ဘုရားရှင်ကို သက်ရှိထင်ရှားသဘောထားပြီး ကိုးကွယ်မှု မပြုတတ်သောကြောင့် ဖြစ်ပါ၏။

ဥပမာအားဖြင့် မိမိ၏နေအိမ်သို့ သံဃာတော်များအား ပင့်ဖိတ်၍ ဆွမ်းခဲဖွယ်လှူဒါန်း၏ သစ်တော်သီး ပန်းသီး စသည်တို့ကို မခွဲခြမ်းမစိတ်မဖြာဘဲ အလုံးလိုက်ဆက်ကပ်မည်လော။ အချိုရည်ပုလင်းကို ဘူးအဖုံးမဖွင့်ဘဲ ဆက်ကပ်မည်လော။ မုန့်အထုပ်ကို မဖွင့်ဖောက်ဘဲ အထုပ်လိုက်ဆက်ကပ်မည်လော။ မိမိတို့ကိုးကွယ်ရာ သံဃာတော်အရှင်မြတ်ကိုပင်လျှင် ထိုသို့ ဆက်ကပ်လှူဒါန်း၍ မဖြစ်နိုင်ပါလျက် ဘုရားရှင်ကိုမူ သစ်သီးအလုံးလိုက် ဖျော်ရည်ပုလင်းလိုက် မုန့်အထုပ်လိုက် ဆက်ကပ်ထားခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်ပါ၏လော။

ဘုရားရှင်အား သစ်သီးဆွမ်းစသော ဆက်ကပ်လှူဒါန်းရာတွင် ဝိနည်းနှင့်အညီ လှူတတ်စေခြင်းငှာ ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးက လမ်းညွှန်သွန်သင်တော်မူခဲ့ပါ၏။

& ဖျော်ရည်ကပ်မူကိုပါ တစ်ဆက်တည်းဆိုရလျှင် ဖျော်ရည်ပုလင်းကိုဖောက်၍ ယင့်ကဲ့သို့သော ဖန်ခွက်ကြီးဖြင့်ပင် ထည့်ကပ်သင့်သည်။ ရဟန်းတော်များပင်လျှင် မဖောက်ဘဲ ပုလင်းကိုကပ်လျှင် မဘုဉ်းပေးကြ။

ဘုရားရှင်ကား ပိုမိုဣနြေ္ဒကြီးသူ ဖြစ်တော်မူရကား မည်သည့်နည်းနှင့်မျှ ပုလင်းလိုက်ဘုဉ်းပေးမည် မဟုတ်ပါ။ သစ်သီးများကိုလည်း အခွံနွှာစိတ်ပြီးမှသာ ကပ်သင့်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်သည် ရဟန်းတော်များအား ထမင်းကို လုံးဆုပ်၍ မစားသောက်ရဟု ပညတ်ထား၏။ ထို့ကြောင့် ဝိနည်းဂရုထားသောရဟန်းတော်များပင် စားဖွယ်ရာများကို ကိုက်ဖြတ်ဘုဉ်းပေးမှု မပြုကြပေ။ ဆရာသခင်ဘုရားကား မည်သည့်နည်းနှင့်မျှ အလုံးလိုက်ကပ်သော သစ်သီးများကို ကိုယ်တော်တိုင် ခွဲစိတ်ဘုဉ်းပေးလိမ့်မည် မဟုတ်ပေ။

ထို့ပြင် အချို့အသီးအနှံများကို လူသာမဏေတို့ ကပ္ပိပေးမှ စားရသည်လည်းရှိ၏။ ထို့ကြောင့် သစ်သီးဆိုလျှင် ခွဲစိတ်၍ မုန့်ထုပ်ဆိုလျှင် ဖောက်ပြီး ပန်းကန်ထဲထည့်လျက်သာ ကပ်သင့်ပေသည်။ အလုံးလိုက် အထုပ်လိုက်ကပ်ခြင်းကား လူမြင်ကောင်းရုံ မရိုမသေပြုခြင်းသာ ဖြစ်ပေသည်။ ထို့ပြင်ရဟန်းတော်တို့အား လူတို့ ညနေဘက်စားသောက်သော စားဖွယ်ရာများကို နေမွန်းလွဲပြီး နောက်ပိုင်း၌ လက်ဖြင့်မကိုင်တွယ် မသုံးသပ်ရဟု ပညတ်ထားသောကြောင့် ညဘက်၌ သစ်သီးစသော စားဖွယ်ရာများတင်ထားသည်မှာ လုံးဝမသင့်လျော်ပါပေ။
-------------------------------------


မေစ္ဆရိယ

✔ မေစ္ဆရိယ ၅ ပါး✔

၁။ အာဝါသ မေစ္ဆရိယ = ကျောင်းကန် အိပ်ရာ နေရာထိုင်
                                 ခင်းတို့၌ ဝန်တိုခြင်း။

၂။ ကုလ မေစ္ဆရိယ = ဒါယကာ၊ဒါယိကာမ ဆွေမျိုး
                            မိတ်သင်္ဂဟ တို့၌ ဝန်တိုခြင်း။

၃။လာဘ မေစ္ဆရိယ = ပစ္စည်း လာဘ်လာဘ တို့၌
                             ဝန်တိုခြင်း။

၎။ဝဏ္ဏ မေစ္ဆရိယ = ကိုယ်အဆင်း ဂုဏ်သတင်း တို့၌
                          ဝန်တိုခြင်း။

၅။ဓမ္မမေစ္ဆရိယ= ပရိယတ္တိ ပဋိဝေဒဓမ္မ အတတ်ပညာတို့၌
                       ဝန်တိုခြင်း။

♨ ခိုက်ရန်ငြင်းခုံမှုပြုသောသူအား မိမိအာဝါသတွင် မနေစေလိုမှုသည် အာဝါသမေစ္ဆရိယမဖြစ်။

♨ လူယုတ်မာ စသည်တို့အား မိမိ ဒါယကာတို့နှင့်မဆက်ဆံစေလိုမှုကား ကုလမေစ္ဆရိယ မဖြစ်။

♨ သဒ္ဓါသဖြင့် ပေးလှူထားသော ပစ္စည်း များကို အသုံး
မတတ် မကောင်းသဖြင့်သုံးစွဲခြင်း ဆွေးရိပုပ်သိုးနေသည့်
တိုင် သူတပါးအားမပေးစွန့်သည်ကို မြင်၍ ဤပစ္စည်းကို
ဤလိုမသုံးတတ်သူများ မရပဲ,သုံးတတ်သူများရလျင်
ကောင်းပေစွ ဟုကြံစည်သောသူအား လာဘမေစ္ဆရိယ
မဖြစ်။

♨ ပုဂ္ဂိုလ် နဲ့ အတတ်ပညာ ၊ အတတ်ပညာနဲ့ ပုဂ္ဂိုလ်
မသင်လျော်၍ သင်မပေးခြင်းကား ဓမ္မမေစ္ဆရိယ မဖြစ်။

      အဋ္ဌသာလိနီ။

ပတ္တာနု​မောဒန

✔ #ပတ္တာနုမောဒန
         
       ကုသိုလ်ရှင်တို့က အမျှဝေသောအခါ ဝမ်းမြောက်ဝမ်း
သာ သာဓုခေါ်မှုကို `ပတ္တာနုမောဒန´ ကုသိုလ်ဟုခေါ်၏။
 [ပတ္တ = ဝမ်းမြောက်ခြင်း ၊သာဓုခေါ်ခြင်း ]
သူတပါး ကုသိုလ်ပြုနိုင်သည်ကို မိမိက ဝမ်းသာနေခြင်း
သည် အတော် အဆင့်မြင့်သော(မုဒိတာသဘော)စိတ်
ထားပေတည်း။
                     ဝမ်းမြောက်ဝမ်းသာ မဟုတ်ပဲ ခေါ်ရိုး
ခေါ်စဉ် (တွေးချင်ရာတွေး၍) သာဓုခေါ်ခြင်းသည်
ပတ္တာနုမောဒန ကုသိုလ် အစစ်ဖြစ်ဖို့ရန် ခဲယဉ်းလေသည်။
အချို့မှာ သူတပါးလှူတန်းနိုင်သည်ကို ဝမ်းမြောက်
ဝမ်းသာ မဖြစ်သည့် အပြင် ဣဿာ ပင် ဖြစ်တတ်သေး၏။
              သူတပါးကုသိုလ်ကို သာဓုခေါ်ရာ၌ ကိုယ်တိုင်၊
တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ၊ အရ ကုသိုလ်အဖို့ကို ကိုယ်ပါ
ရနိုင်သောကြောင့် ဝမ်းသာစွာ ပတ္တာနုမောဒန ကုသိုလ်
ယူသင့်ပေသည်။
              ဒိဋ္ဌဓမ္မ အနေဖြင့် ကွယ်လွန်သူ ဆွေမျိုးများကို
ကျန်ရစ်သူက အလှူအတန်းပြု အမျှ ပေးဝေသောအခါ
သာဓုခေါ်ခွင့်ရှိသော အခြေအနေရှိလျှင် သာဓုခေါ်၍
ကွယ်လွန်သူမှာ အစား အဝတ် နေရာထိုင်ခင်းပြည့်စုံနိုင်
ပေသည်။
   
    Ref; အရှင်ဇနကာဘိဝံသ

ဥဋ္ဌာန သမ္ပဒါ

✔ ★ ဥဋ္ဌာန သမ္ဗဒါ (၅)ပါး။

➳ ပစ္စည်းဥစ္စာ တိုးပွားရန် အောက်ပါ အချက် ၅ မျိုးဖြင့်
အားထုတ်ရမည်။

၁။ ဉာဏ သမ္ပတ္တိ = ပြုလုပ်မည့် ကိစ္စ အကျိုးရှိမရှိကို

စိစစ်ဝေဖန်ကာ ဉာဏ်နှင့် ချိန်ရမည်။

၂။ဂတိသမ္ပတ္တိ = ထိုကိစ္စ၌ အနေအထား အသွားအလာ

အခင်းအကျင်း တို့ကို အချက်ပိုင်ရမည်။

၃။ဥပဓိသမ္ပတ္တိ = ထိုပစ္စည်း၌ လှပ ခိုင်ခံ့ ပြီးလွယ် ခေတ်မီ

ရေးနှင့်ပြည့်စုံ ရမည်။

၎။ကာလ သမ္ပတ္တိ = စောလွန်းခြင်း နောက်ကျခြင်း မဖြစ်

စေပဲ အချိန်သင့် ဖြစ်စေရမည်။

၅။ပယောဂသမ္ပတ္တိ = မုချ အကျိုးရှိရမည်ဟု တခုတည်း

သော ဇွဲလုံ့လ ဖြင့် ကြိုးစား အားထုတ်မှု ရှိရမည်။

သမ္ပတ္တိ ဝိပ္ပတ္တ

✔ သမ္ပတ္တိ ဝိပ္ပတ္တိ ✔

      ဆိုင်ရာ အကြောင်းများ၏ ပြည့်စုံမှုကို #သမ္ပတ္တိ ဟု
ခေါ်၏။
      ဆိုင်ရာအကြောင်းများ၏ ချွတ်ယွင်းမှု ကို #ဝိပ္ပတ္တိ
ဟု ခေါ်၏။
      သတ္တဝါတို့ သန္တာန်၌ ရှေးရှေး ဘဝပေါင်းများစွာက
ပြုခဲ့သော ကံတို့သည် အလွန်များပြားရကား အကျိုးပေး
ရန် အခွင့်မသင့်၍ အကျိုးမပေး ရသေးသမျှ ခန္ဓာအစဉ်
မှာ အမြဲပါရှိနေသောကြောင့် သမ္ပတ္တိ ဆိုက်နေသောအခါ
ကုသိုလ်ကံ အကျိုးပေးခွင့် သာသလို ဝိပ္ပတ္တိ
ဆိုက်နေသောအခါ အကုသိုလ်ကံ အကျိုးပေးခွင့် သာလေ
သည်။

★ သမ္ပတ္တိ တရား ၄ ပါး။
   
၁။ဂတိသမ္ပတ္တိ - ရရှိသောဘဝ ကောင်းခြင်း ။
၂။ဥပဓိသမ္ပတ္တိ - ရုပ်အဆင်း လှပခြင်း။
၃။ကာလ သမ္ပတ္တိ - အခါကာလ ကောင်းခြင်း။
၎။ပယောဂ သမ္ပတ္တိ - ဉာဏ် ဝီရိယ စသော ဇွဲ လုံ့လ
                              ရှိခြင်း။

★ ဝိပ္ပတ္တိ တရား ၄ ပါး။

၁။ဂတိ ဝိပ္ပတ္တိ - ရရှိသော ဘဝ မကောင်းခြင်း။
၂။ဥပဓိ ဝိပ္ပတ္တိ - ရုပ်အဆင်း မလှပခြင်း။
၃။ကာလ ဝိပ္ပတ္တိ - အခါကာလ မကောင်းခြင်း။
၎။ပယောဂ ဝိပ္ပတ္တိ - ဉာဏ် ဝီရိယ စသော ဇွဲ လုံ့လ မရှိခြင်း။

Ref အရှင်ဇနကာ ဘိဝံသ။

ကုက္ကုစ္စ

✔ ✔ ကုက္ကုစ္စ တရား ၃ ပါး ✔ ✔

        #ပြုပြီးသော မကောင်းမှု မပြုခဲ့မိသော ကောင်းမှု
တို့အပေါ် တွေးတော ပူပန် စိတ်နှလုံး မသာယာမှု
နောင်တ ခေါ် အပို အလုပ်မျိုးကို ကုက္ကုစ္စ ခေါ်၏။
(အင်္ကုရ ဋီကာ )

၁။#နီဝရဏ ကုက္ကုစ္စ - နီဝရဏ၌ လာသော အထက်ပါ

အဓိပ္ပါယ် အတိုင်း ဖြစ်သော ကုက္ကုစ္စ မျိုး။
(ကုက္ကုစ္စ စေတသိက်)

၂။#ဝိနယ ကုက္ကုစ္စ - အပ်လေ သလော မအပ်လေ

သလော ဟု ဝိနည်းအရာ၌ ကြံစည်စဉ်းစားမှု ။ပုထုဇဉ်

သေက္ခ နှင့် ရဟန္တာ များ၌ လည်းဖြစ်နိုင်သည်။(ကုသိုလ်

နှင့် ကြိယာ စိတ္တုပ္ပါဒ် )

၃။#အ သံဟတ ကုက္ကုစ္စ - ဘုရား ဝတ်ကပ် နှင့် သံဃာ့

ပရိတ်သတ် စသည် တို့၌ ရိုသေ ငြိမ်သက်စွာ မနေ

ဣနြေ္ဒမရ ခြေလှုပ် လက်ရမ်း အဟူး အဟမ်းနှင့်

သလိပ်ခတ် လက်ဆစ်ချိုး စသော စကားပြော စသော

မသင့်လျော်သော အပြုအမူများ။ (မောဟ ဦးစီးသော

အကုသိုလ် )

မိစ္ဆာ ဒိဋ္ဌိ

✔ ✔ ✔ မိစ္ဆာဒိဋ္ဌိ ✔ ✔ ✔

       #ဤပုဒ်၌ မိစ္ဆာ သဒ္ဒါကား ဝိပရီတတ္ထ = ဖောက်ပြန်

မှားယွင်းခြင်း အနက်ဟောတည်း။ မိစ္ဆာ = ဖောက်ပြန်မှား

ယွင်းသော အားဖြင့်၊ ပဿတိ = မြင်တတ်သောကြောင့်

မိစ္ဆာဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိ မည်၏။ သူတော် သူမြတ် တို့

ဟောဖော် ပညတ်အပ်သော တရားစစ် တရားမှန်ကို

မလိုက်နာပဲ မှားယွင်းဖောက်ပြန် မမှန်မကန် သိစေတတ်

သော ဒိဋ္ဌိ စေတသိက်တည်း။
     
           ဤ မိစ္ဆာဒိဋ္ဌိသည် ရုပ် ဝေဒနာ သညာ သင်္ခါရ

ဝိညဉ် ခန္ဓာ ၅ ပါးတွင် တပါးပါး၌ အတ္တ ဟု စွဲလန်းတတ်

သော သက္ကာယ ဒိဋ္ဌိ , သီလက္ခန် ဗြဟ္မာ့ဇာလ သုတ်တွင်

လာသော ၆၂ ပါးသော မိစ္ဆာ ဒိဋ္ဌိ , သာမညဖလ သုတ်၌

လာသော နတ္ထိက စသော ဒိဋ္ဌိ အားဖြင့် အလွန်များ၏။

ထိုတွင် နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကြိယဒိဋ္ဌိ ဤ ၃ မျိုး

သာ ကမ္မပထ မြောက်၏။ ကြွင်းဒိဋ္ဌိများမှာ သာမာန်

သာတည်း။

#အကြောင်း အကရိ ၊ ကျိုး နတ္ထိ
   ပယ်ဘိ နှစ်ခု အဟေတု။

အသက်​မရှူသူ

✔ ✔ အသက်မရှူသောသူ (၈)ဦး✔ ✔
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

၁။ အမိဝမ်းတွင်း သန္ဓေသားငယ်
၂။ရေနစ်နေသူ
၃။အဆိပ်တက်ခြင်း၊ဒဏ်ရာအပြင်းအထန် ရခြင်း
   တို့ကြောင့် အလွန်တွေဝေ မိန်းမောနေသူ။
၎။စတုတ္ထဈန်ဝင်စားခိုက် ကာမပုဂ္ဂိုလ်။
၅။နိရောဓသမာပတ်ဝင်စားသောပုဂ္ဂိုလ်။
၆။သေနေသောသူ
၇။ရူပ ဗြဟ္မာ
၈။အရူပ ဗြဟ္မာ

သောက

✔ ✔ သောက အကြောင်း ✔ ✔

     #ဝမ်းနည်းမှုကို သောက ခေါ်သည်။ ဒေါမနဿ

စေတသိက်ပင် ဝမ်းနည်းစရာတွေ့၍ စိတ်မချမ်းမသာ

ဖြစ်ခြင်းကို သောက ခေါ်သည်။ မိမိ ချစ်ခင်သော ဆွေမျိုး

စသည်တို့ ပျက်စီး၍ ဝမ်းနည်းရခြင်း ၊ စည်းစိမ်ဥစ္စာ ပျက်စီး

ဆုံးရှုံး၍ ဝမ်းနည်းရခြင်း မိတ်ဆွေများ စည်းစိမ်ဥစ္စာ ဆုံးရှုံး

၍ ဝမ်းနည်းရခြင်း များသည် `သောက´ ချည်းသာတည်း။

    #ဒေါမနဿ တမျိုး

      ချစ်ခင်သူများ ဖျားနာမည်ကို စိုးရိမ်ခြင်း၊ အရပ်တပါး

သွားသောအခါ ပြန်ချိန်တန်လျက် ပြန်မလာသောအခါ

စိုးရိမ်ခြင်း ကလေးသူငယ်များ အတွက် အရာရာမှာ စိုးရိမ်

ခြင်း ဤသို့ စသဖြင့် စိုးရိမ်ကြောင့်ကြမှု များရုံသာမက

`သူတို့တော့ ငါမရှိရင် ခက်တော့မှာပဲ ´ ဟု နောက်ဆက်

တွဲ စိုးရိမ်မှုတို့မှာ သောက သဘောမဟုတ် ရိုးရိုး

ဒေါမနဿ သာတည်း။

   #စိုးရိမ်လို့ အကျိးရှိရဲ့လား

ပြခဲ့သော စိုးရိမ်မှု များမှာ သက်သက်သာသာ ဖြစ်ရသည်

မဟုတ်။ စိတ်နှလုံးကို ထိခိုက်စေ၍ လှိုက်လှိုက်လှဲလှဲ

ပူပန် ရခြင်းဖြစ်သည်။ ထိုမျှလောက် ပူဆွေး၍ တစုံတခု

ကောင်းကျိုးရလျင် တော်ပါသေး၏။ စင်စစ်မှာ စိတ်နှလုံး

ကို ပူလောင်ခြင်းမှ တပါး ကောင်းကျိုးဘက်က တစက်မျှ

မရှိချေ။ ထို့ကြောင့် မည်သူ့ အတွက် ဖြစ်စေ အကျိုးမဲ့

အချည်းနှီး စိုးရိမ်နေမည့် အစား စိုးရိမ်ဖွယ် မရှိအောင်ကြို

တင် စီစဉ် သင့်ကြပေသည်။

အရှင်ဇနကာဘိဝံသ ၊ ကိုယ်ကျင့် အဘိဓမ္မာ

ဓမ္မ

✔ ✔ ဓမ္မ ✔ ✔

  #မိမိ ဟုဆိုအပ်သော တရားကို ဆောင်ကုန် ကျင့်ကုန်

သော သတ္တဝါတို့ကို အပါယ်လေးပါး မှ၎င်း၊ ဝဋ်ဆင်းရဲ

မှ ၎င်း ၊ ထုတ်ဆောင် တတ်သောကြောင့် ဓမ္မဟု

ခေါ်သည်။

#ဓမ္မ အရ မဂ် ၄ ပါး , ဖိုလ် ၄ ပါး , နိဗ္ဗာန် တရား ၉မျိုးရ၏

တနည်း နိဗ္ဗာန် အရ မဂ်၎ ပါး ဖိုလ် ၄ ပါး ၊နိဗ္ဗာန် ၊ပရိယတ်

တရား ၁၀ မျိုးရ၏။

#၉ပါး / ၁၀ ပါးသော တရားတော် တို့၏ ဆောင်ခြင်း

ဆိုသည်မှာ အပါယ် စသည်တို့၌ ဖြစ်စေတတ်သော

ကိလေသာ ကို ဖျက်ဆီးခြင်း သည်ပင် ဓမ္မ၏ ဆောင်ခြင်း

မည်ပါပေသည်။

✔ #မဂ် ၄ ပါး ၊ နိဗ္ဗာန် သည် ကိလေသာကို ဖျက်ဆီး

တတ်၍ မုချ အားဖြင့် ဓမ္မ မည်၏။

#ဖိုလ် ၄ ပါး ၊ ပရိယတ် တို့သည် ဥပစာ အားဖြင့် ဓမ္မမည်

၏။

#အရိယာမဂ် သည် ကိလေသာတို့ကို အကြွင်းမဲ့

ဖြတ်တတ်သည့် အဖြစ်ကြောင့် မုချ အားဖြင့် ဓမ္မမည်၏။

နိဗ္ဗာန် သည်လည်း ထိုအရိယာမဂ်က နိဗ္ဗာန်ကို အာရုံပြု

လျှက် ကိလေသာတို့ကို အကြွင်းမဲ့ ဖြတ်ခြင်း ကိစ္စပြီးစီး

စေခြင်း၏ အကြောင်းဖြစ်သောကြောင့် ဓမ္မအမည်ရအပ်၏

#ဖိုလ်သည် ကိလေသာကို တဖန်ထပ်၍ ငြိမ်းစေခြင်း၏

အစွမ်းဖြင့် မဂ်အားလျော်စွာ ဖြစ်သော အကျိုးတရား

ဖြစ်သောကြောင့် #ဥပစာ (ကာရဏူပစာ)အားဖြင့်

ဓမ္မ မည်၏။

#ပရိယတ်သည်လည်း ထို အရိယာမဂ် ဖိုလ် နိဗ္ဗာန်ကို

ရခြင်း၏ အကြောင်းတရား ဖြစ်သောကြောင့် #ဥပစာ

(ဖလူပစာ) အားဖြင့် ဓမ္မ မည်၏။

ကာရဏူပစာ = အကြောင်း၏ အမည်ကို အကျိုး၌တင်စား
                      ခေါ်ဝေါ်ခြင်း။
ဖလူပစာ= အကျိုး၏ အမည်ကို အကြောင်း၌ တင်စားခေါ်
                ဝေါ်ခြင်း။

      ဘဒ္ဒန္တ ဝါယမ. ဋီကာကျော် ပို့ချချက်။

ပေါရာဏာ

#ပေါရာဏာ - ရှေးအထက်က ဆက်ဆက်များလှ ဖြစ်ပေါ်ကြကုန်သော ၊
သန္တာ - ပါရမီနှင့် စာဂီတင့်၍ အရင့်အမာ ကလျာဏ ဂိုဏ်းဝင် သူတော်စင်တို့သည် ၊
ပါယေန - တွေ့ကြ ဆုံကြ ဘုံဘဝ ဝယ်
ကြုံရလေငြား များသော အားဖြင့် ၊
သဒါ- ဖြစ်ရဖန်ခါ သံသရာဟု ခန္ဓာဖြင့်ပိုင်း
    ဘဝ တိုင်း၌ ၊
နေက္ခမ္မာဘိရတာ - ရွက်ဟောင်းကျကြွေ
 ရွက်သစ်ဝေသည့် အောင်မြေရဂုံ ရိပ်မြုံခင်တန်း
ကျောင်းသင်္ကန်း၌ ရွှင်လန်းမွေ့လျော် စံပျော်တော်မူကြလေကုန်ပြီ။
တသ္မာ - ရှေးသောခါတွင် သူတော်စင်တို့
တောဝင်အောင်းခို ဗြဟ္မစိုရ်ဖြင့် အလိုပြည့်ဝ
ဖြည့်တော်မူကြလေသောကြောင့်
အဟံ - ငါသည်
ဃရေ - စားသောက်နေရေး ဖွေရှာရေးနှင့်
မင်းဘေးစိုးကာ လွန်စွာမြားမြောင် လူတို့ဘောင်၌
သုဒိဋ္ဌာ ဒိနဝေါ - ပစ္စည်းဥစ္စာ အရာရာဝယ်
မရှာမကောင်း ရှာမကောင်းနှင့် မစုဆောင်းခက်
စုဆောင်းခက်သည့် သင်သက်ဖြစ်ချေ အပြစ်တွေ
ကို စစ်လေရိပ်မိ တွေးတိုင်းသိ၍
နေက္ခမ္မနိန္နော - အခွင့်အခါ မသင့်ပါလည်း
ချင့်စာရော်ရမ်း တောကို မှန်းသည်
အမှိ - စင်စစ်မကွာ ဖြစ်ရပါလို၏။

ဇီဝိတ နဝက

❤◦.¸¸. ◦✿ဇီဝိတန၀က❤◦.¸¸. ◦✿
💥💥💥💥💥💥💥💥💥💥💥
အ၀ိနိဗ္ဘောဂရုပ် (၈) ပါးတွင် ဇီဝိတရုပ်တစ်ပါး
တည့်က ဇီဝိတန၀ကကလာပ် ဖြစ်၏၊
"ဇီဝိတပြဋ္ဌာန်းသော ရုပ် -၉ခုအပေါင်း"ဟူလို၊
ဤဇီဝိတန၀ကကလာပ်ကို ကာမဘုံ၌ မရနိုင်
ဟူသောဝါဒ,ကာမဘုံ၌ ရထိုက်၏ ၊သို့သော်
အစာသစ်အိမ်၏ အောက်အရပ်၌ စားသမျှအစာ
ကို ချက်သော ကမ္မဇ၀မ်းမီးခေါ် ပါစကတေဇော
၌သာ ရထိုက်သည်ဟူသောဝါဒ,ကာမဘုံ၌
ရထိုက်ရုံသာမက တစ်ကိုယ်လုံး၌ ပျံ့ နှံ့တည်
နေသော သဗ္ဗဋ္ဌာနိက(သဗ္ဗတ္ထက၀ုတ္တိ)
ကလာပ်ပင် ဖြစ်သည်ဟူသောဝါဒ ၊ဤသို့
(၃)၀ါဒ ကွဲပြား၏ ၊ ထိုတွင် နောက်ဆုံး ၀ါဒကို
ဤဘာသာဋီကာက နှစ်သက်သည် ၊ ချဲ့ဦးအံ့-

"သန္တိ သဗ္ဗာနိ ရူပါနိ,ကာမေသု စတုသမ္ဘ၀ါ၊
ဇီဝိတန၀ကံ ဟိတွာ,ကလာပါ ဟောန္တိ ၀ီသတိ"
(နာမရူပပရိစ္ဆေဒ)

"ဒသကေသွေဝ ဂဟိတံ,၀ိသုံ ကာမေ န လဗ္ဘတိ၊
ဇီဝိတန၀ကံ နာမ,ရူပလောကေ ၀ိသုံ သိယာ"
(ပရမတ္ထ၀ိနိစ္ဆယ)

ဤကျမ်းတို့၌ "ဇီဝိတန၀ကကလာပ် ကို
ကာမဘုံ၌ သီးခြားမရအပ်, ကာယဘာဝ
စက္ခုဒသကစသော ကလာပ်များတွင် ဇီဝိတရုပ်
ပါဝင်လေပြီ" ဟု အရှင်အနုဒ္ဓါ မိန့်တော်မူ၏ ၊
ရှေးဆရာတော် အချို့ကား "ဇီဝိတန၀ကကလာပ်
ကို ပါစကတေဇောဓာတ်ဟု ခေါ်အပ်သော
ဝမ်းမီး၌သာ ရထိုက်၏ "ဟုယုကြ၏ ၊
သို့သော် ကာမဘုံသားတို့သန္တာန်၌
ဇီဝိတန၀ကကလာပ်သည် ကာယ ဘာဝဒသက
တို့ကဲ့သို့ တစ်ကိုယ်လုံး ပျံ့ နှံ့ ကြောင်း အဋ္ဌကထာ
ဋီကာ၌ မိန့်ကြပါသည်။

ချဲ့ဦးအံ့-..........
တေဇောဓာတ်သည်(၄)မျိုးကို ရူပသမုဒ္ဒေသ
အခန်း၌ ပြခဲ့ပြီ ၊ ၀ါယောဓာတ်သည်
ဥဒ္ဓင်္ဂမ(အထက်သို့ဆန်တက်သောလေ),
အဓောဂမ(အောက်သို့စုန်ဆင်းသောလေ),
ကုစ္ဆိဋ္ဌ(၀မ်းတွင်း၌တည်သောလေ),
ကောဋ္ဌာသယ(အူမ၌တည်သောလေ),
အင်္ဂါမင်္ဂါနုသာရီ(အင်္ဂါ ကြီးငယ်သို့လျှောက်
သောလေ),အဿာသ ပဿာသ
(ထွက်သက် ၀င်သက်လေ) ဟု ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ (၆) မျိုး ပြ၏ ၊

တေဇော(၄)မျိုးတွင် ပါစကတေဇောသည်
ဇီဝိတန၀ကကလာပ်တည်း၊"အသိတာဒိ
ပရိပါစကေ တာဝ ကမ္မဇတေဇော ကောဋ္ဌာသမှိ
သြဇာဋ္ဌမကဉ္စေ၀ ဇီဝိတဉ္စာတိ န၀ရူပါနိ"
ဟူသော ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသ
ကိုထောက်ပါ ။

အဿာသ ပဿာသ လေသည် စိတ္တဇသဒ္ဒန၀က
ကလာပ်တည်း၊ "စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ သြဇာဋ္ဌမကဉ္စေ၀ သဒ္ဒေါ စာတိ
န၀" ဟူသော ယခင်အဋ္ဌကထာကို ထောက်ပါ ၊
ကြွင်းသော တေဇော(၃)မျိုး,၀ါယော(၅)မျိုးသည်
ကံ စိတ် ဥတု အာဟာရ အကြောင်း(၄)ပါးတို့
ကြောင့် ထိုက်သလို ဖြစ်၏၊ ထိုတွင် ကံကြောင့်
ဖြစ်သော တေဇော ၀ါယော ကလာပ်သည်
ဇီဝိတန၀ကကလာပ်တည်း၊ကြွင်းသော ကလာပ်
များကား "သြဇာဋ္ဌမက" ဟုခေါ်အပ်သော သုဒ္ဓဋ္ဌကကလာပ်သာတည်း ၊ "သေသေသု
စတုသမုဋ္ဌာနေသု အဋ္ဌသု ဇီဝိတန၀ကဉ္စေ၀ တီဏိ
စ သြဇာဋ္ဌမကာနိ"ယခင် အဋ္ဌကထာ ။

ထိုတွင် သန္တပ္ပန,ဒဟန ဇိရဏတေဇောတို့သည်
ခန္ဓာကိုယ်ဝယ် အမြဲတည်ရှိသော "ဥသ္မာ"ခေါ်
ကိုယ့်ငွေ့၏ ဖောက်ပြန်လျက် ဒီဂရီတိုးတက်သော
အခါ ဖြစ်ပေါ်ရကား ခန္ဓာကိုယ်၌ အမြဲတည်ရှိသော
"ဥသ္မာ"ခေါ် ကိုယ်ငွေ့၌ ဇီဝိတန၀ကကလာပ်များ
ပါဝင်လျက် ရှိသည်ဟု သိသာ၏ ။

ထို့ကြောင့် "ဣမသ္မိံ သရီရေ ပါကတိကော
ဧကာ ဥတု အတ္ထိ" ဟူသော ၀ိဘင်္ဂဋ္ဌကထာပါဌ်ကို
မူလဋီကာက" ပါကတိကောတိ ခေါဘံ အပ္ပတ္တော
သဒါ ၀ိဇ္ဇမာနော" ဟုဖွင့်ပြီလျှင် အနုဋီကာက
"ပါကတိကောတိ သာဘာဝိကော ကာယုသ္မာတိ
အဓိပ္ပေတော"ဟုဖွင့်သည်။

ထို့ကြောင့် ဇီဝိတန၀ကကလာပ် သည်
ကာမဘုံသားတို့ သန္တာန်၌လည်း ပကတိ ကိုယ်ငွေ့
အဖြစ်ဖြင့်လည်းကောင်း, ထိုကိုယ်ငွေ့
ဖောက်ပြန်တဲ့အခါ သန္တပ္ပနတေဇောစသော
အမည်ဖြင့်လည်းကောင်း,ဥဒ္ဓင်္ဂမ၀ါယော စသော
အမည်ဖြင့်လည်းကောင်း တစ်ကိုယ်လုံးဝယ်
ပျံ့ နှံ့ လျက် ရှိသည်သာတည်း"ဟု မှတ်ပါ။

ကျမ်ကိုး-သင်္ဂြိုဟ်ဘာသာဋီကာ

Credit by Aung Aung Zaw

အတ္တုက္ကံသန ပရဝမ္ဘန

✔ ✔ အတ္တုက္ကံသန. ပရဝမ္ဘန ✔ ✔

    #စကားပြောသောအခါ ဖြစ်စေ စာပေရေးသားသော
အခါဖြစ်စေ မိမိကိုယ်ကို မြှောက်၍ ဂုဏ်ဖော်၍ ရေးသား
ပြောဆိုခြင်းသည် [အတ္တ = မိမိကိုယ်ကို + ဥက္ကံသန =
ချီးမြှောက်ခြင်း] ဖြစ်၏။
       သူတပါးကို ရှုတ်ချ၍ အပစ်တင်၍ ပြောဆိုခြင်းသည်
[ပရ = သူတပါးကို ဝမ္ဘန = ရှုတ်ချခြင်း] ဖြစ်၏။
        ထိုတွင် အတ္တုက္ကံသန သည် မိမိဂုဏ်ကို သာယာ
သော လောဘနှင့် အထင်ကြီးသော မာနများ ဖြစ်တတ်
သည်။ ပရဝမ္ဘန သည် သူတပါးကို မနာလိုသော ဣဿာ
နှင့် မလိုမုန်းထားသော ဒေါသများဖြစ်တတ်သည်။
     
★ ဂုဏ်ဖော်ပုံ
     
           #စကားပြောဆိုရာ စာပေရေးသားရာ၌ မိမိ
မည်မျှတတ်ကြောင်း တော်ကြောင်း၊ ဥစ္စာပေါကြောင်း
Ph.D ရကြောင်း ဘုန်းကြီးဖြစ်လျင် မည်မျှ ဘုန်းကြီး
ကြောင်း လာဘ်လာဘ ပေါကြောင်း စသည်ဖြင့် ဟုတ်
သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဂုဏ်ဖော်တတ်ကြသည်။
             အဆင်အခြင် နည်းပါးသူတို့အပေါ် အထိုက်
အလျောက် အကျိုးရှိမည် ဖြစ်သော်လည်း စဉ်းစားသူ
တို့ကမူ ဤလူဟာ `အူကြောင်ကြောင် ကြီးပဲ ´ ဟုအထင်
သေးတတ် သောကြောင့် ဂုဏ်ဖော်ခြင်းအမှုကို ရှောင်ရှား
သင့်ကြပေသည်။
 
★ ဂုဏ်ဖော်သင့်သောအခါ

    #တခါတရံ မိမိအလုပ်ကို မိမိတရားကို သူတပါးတို့က
အထင်သေးဖွယ်ရှိသော အခါ၌မူ ဂုဏ်ဖော်ပြောသင့်ပေ
သည်။ ထိုသို့ ဂုဏ်ဖော်ခြင်းသည် ကားမာန မဟုတ်
မိမိ အလုပ် မိမိစကားကို တွင်ကျယ်အောင် အမွှန်းတင်
တတ်သော သိနားလည်လိမ္မာ မှု ပင်ဖြစ်သည်။

 ★ သူတပါးကို ရှုတ်ချမှု
         
          #သူတပါးကို ရှုတ်ချမှု ပရဝမ္ဘန အမှု သည်လည်း
သတိမထားတတ်သူ၏ စာပေအရေးအသား စကား၌
တွေ့ရတတ်သည်။ ကြားရသူတိုင်းက အထင်အမြင် သေး
အောင် သူတပါး ကိုပြစ်တင်ခြင်း သည် ယုတ်မာဆိုရွား
လှ၏။ သို့သော် တကယ်ယုတ်မာသူကို အများက အထင်
ကြီးနေရာ၌ကား သတိထား၍ ရှုတ်ချသင့်သည်။
အများ အထင်ကြီးနေသူကို ရှုတ်ချရာ၌ သက်သေခံမရ
လျှင် မိမိကိုပါ အများက အထင်မှားတတ်သောကြောင့်
သတိထား၍ ရှုတ်ချသင့်မှ ရှုတ်ချပါလေ။

အရှင်ဇနကာဘိဝံသ ။

ပဋိစ္စသမုပ္ပါဒ်​ နည်း​လေးပါး ၎

✔ ✔ ပဋိစ္စသမုပ္ပါဒ် နည်း၎ ပါး ၊ အပိုင်း (၄) နိဂုံး✔

     #ဧဝံဓမ္မတာနည်း

       `ဤသို့ အဝိဇ္ဇာ စသော အကြောင်းများကြောင့်

သင်္ခါရ စသည် ဖြစ်ရခြင်းသည် ထုံစံဓမ္မတာပင်တည်း´။

ဟုသိရသောနည်းသည် ဧဝံဓမ္မတာနည်း မည်၏။

ဤနည်းဖြင့် ဆင်ခြင်သောအခါ ချိုဆိမ့်သော နို့ရည်

ကြောင့် ချဉ်သော နို့ဓမ်းဖြစ်ရခြင်,နှမ်းကြောင့်ဆီဖြစ်ရခြင်း

ကြံကြောင့် ကြံရည်ဖြစ်ရခြင်းသည် ထုံးစံဓမ္မတာ ပင်ဖြစ်၍

သဲမှ ဆီမထွက်နိုင် ၊ ကြံမှ နို့ရည်မထွက်နိုင်ခြင်းသည်

ဓမ္မတာပင် ဖြစ်သကဲ့သို့ `အဝိဇ္ဇာ ကြောင့် သင်္ခါရ သာဖြစ်

ခြင်း သင်္ခါရ လည်း အဝိဇ္ဇာ ကြောင့်သာဖြစ်ခြင်း တစုံတခု

သော အကြောင်းမရှိပဲ ဘာသိဘာသာ ပေါ်မလာနိုင်ခြင်း

မဆိုင်သော အကြောင်းကြောင့် မဆိုင်သောအကျိုး ဖြစ်

မလာနိုင်ခြင်းသည် ဓမ္မတာပင်တကား´ ဟုစဉ်းစားလိုက်

သောအခါ `တရားအားလုံးမှာ ဆိုင်ရာ အကြောင်းမကင်း´

ဟု သိတတ်သော #သဟေတုက အယူပေါ်လာ ရကား

`အကြောင်းမဲ့ သက်သက် ဖြစ်တတ်သည်´ဟု ယူမှားသော

အဟေတုကဒိဋ္ဌိနှင့် `ကုသိုလ် အကုသိုလ်ကို ပြုသော်

လည်း ပြုရာမရောက် အကျိုးမရ နိရတ္ထကသာ ´ဟုယူမှား

သော အကြိယ ဒိဋ္ဌိ များသည် အလိုအလျောက်

ကင်းပျောက်တော့၏။

        ★ ဗုဒ္ဓဘာသာဝင်ဖြစ်၍ အရာရာစဉ်းစားလေ့ရှိသူ

တို့သည် ` ကမ္ဘာလောကကြီးသည် အချိန်ကျလျင်ပျက်စီး

၏။ ပျက်ပြိးနောက် ကမ္ဘာပြုမိုးရွာသည်မှ စ၍ တဖန်

ဖြစ်ပေါ်လာ၏ ´ဟူသော ကျမ်းစာအရ ဖြစ်ချည်ပျက်ချည်

အတည်မကျပုံကို ယုံကြည်နိုင်ကြသော်လည်း `ဘယ်တုန်း

က စ၍ဖြစ်ခဲ့ ပါသနည်း´ ဟု ထပ်ဆင့်စဉ်းစားလေ့ ရှိကြ၏။

သတ္တဝါများအတွက် အဝိဇ္ဇာ ကြောင့် သင်္ခါရ ဖြစ်ပုံကို ယုံ

ကြည်နိုင်သော်လည်း `ဘယ်တုန်းကစခဲ့ပါလိမ့်မည်နည်း´

ဟူ၍ကား စဉ်းစားကြလျက်ပင်တည်း။ ထိုကဲ့သို့ စဉ်းစား၍

မဆုံးဖြတ်နိုင်သောအခါ `ကမ္ဘာ လောကကြီးနှင့် သတ္တဝါ

တွေသည် အကြောင်းမဲ့သက်သက် ဖြစ်တတ်၏။ဖြစ်ဖို့ရန်

အစမှာ အကြောင်းမရှိ´ ဟု အဟေတုက ဒိဋ္ဌိအတွင်း

တချို့သက်ဆင်းကြလေသည်။ တချို့ကား `ဖန်ဆင်းသူ

တယောက်ယောက်တော့ ရှိမှာပဲ´ ဟု ဣဿရနိမ္မာန ဝါဒ

ကိုသဘောကျသလို ရှိပြန်၏။

        ဗုဒ္ဓဘာသာ ကျမ်းစာများ၌ `မိမိဉာဏ်မပိုင်၍

မကြံနိုင်သော လောက အကြောင်းအရာ ကမ္ဘာ၏ ဖြစ်ပုံကို

မကြံလေနှင့် ကြံဖန်များ၍ အသိဉာဏ် အမှန်မရက ရူးသွပ်

တတ်သည်´ ဟု မိန့်မှာတော်မူသည်။ ထို့ကြောင့်

ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ် လည်ပုံကိုသာ နည်းလေးဖြာ

ဖြန့်ခင်း၍ သန့်ရှင်းအောင် အထပ်ထပ် စဉ်းစားလျင်

ထိုကမ္ဘာ ထိုလောကကြီးနှင့် မိမိခန္ဓာအစဉ်၌ အစမရှိ

ကြောင်းကို ကောင်းကောင်း ရှင်းလင်းပါလိမ့်မည်။

      ❆ ဤပဋိစ္စသမုပ္ပါဒ် ကို ရှင်းလင်းစွာ မထွင်းဖောက်

နိုင်သေးပဲ သံသရာမှ ထွက်မြောက်သူကား အိမ်မက်မျှပင်

မရှိခဲ့ဖူးချေ။ သို့အတွက် သံသရာမှ မြန်စွာထွက်မြောက်

ဖို့ရာ ဤဘဝ စက်ဝိုင်းကို ကသိုဏ်းရှုသလို အထပ်ထပ်

ကြည့်ရှုဆင်ခြင်၍ ထင်မြင်အောင် အားထုတ်ကြပါကုန်။

ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်
အရှင်ဇနကာဘိဝံသ - သဂြိုဟ်ဘာသာဋီကာ ။

ပဋိစ္စသမုပ္ပါဒ်​ နည်း​လေးပါး ၃

✔ ✔ ပဋိစ္စသမုပ္ပါဒ် နည်း ၄ ပါး အပိုင်း-၃✔ ✔

    #အဗျာပါရနည်း

             အဝိဇ္ဇာ ကြောင့် သင်္ခါရ ဖြစ်ရာ၌ `ငါသည် သင်္ခါရ

ကိုဖြစ်စေမည်´ ဟု အဝိဇ္ဇာ ဝယ်ကြောင့်ကြဗျာပါရ မရှိ။

သင်္ခါရ ကြောင့် ဝိဉာဏ်ဖြစ်ရာ၌လည်း `ငါသည် ဝိဉာဏ်

ကိုဖြစ်စေမည်´ဟု သင်္ခါရ ဝယ် ကြောင့်ကြဗျာပါရ မရှိ။

ဤသို့ စသည်ဖြင့် အကျိုးတရားကို ဖြစ်စေရာ၌ အကြောင်း

တရားစုတွင် ကြောင့်ကြ ဗျာပါရ မရှိပုံကို သိရသောနည်း

သည် အဗျာပါရနည်း မည်၏။ ဤနည်းဖြင့် ဆင်ခြင်လိုက်

သောအခါ အကြောင်းတရား အကျိုးတရားတို့ ဘာသိဘာ

သာ ဖြစ်နေပုံကို သိမြင်ရသဖြင့် `#ဤကမ္ဘာလောကကြီး

နှင့်တကွ သတ္တဝါတွေကို ထာဝရဘုရား စသူတို့က

ဖန်ဆင်းပေးနေသည် ´ဟူသော ဣဿရနိမ္မာန ဝါဒသည်

၎င်း၊ `မိမိခန္ဓာကိုယ် အတွင်း၌ ထိုထို အမှုကိုပြုလုပ်ခံစား

တတ်သော အတ္တရှိသည်´ဟု စွဲလန်းတတ်သော အတ္တဒိဋ္ဌိ

သည်၎င်း၊ အလိုလို ကင်းပျောက်တော့၏။

အရှင်ဇနာကာဘိဝံသ- သဂြိုဟ်ဘာသာဋီကာ ။

ပဋိစ္စသမုပ္ပါဒ် နည်း​လေးပါး ၂

✔ ✔ ပဋိစ္စသမုပ္ပါဒ် နည်း ၄ ပါး ၊ အပိုင်း (၂)✔ ✔

    #နာနတ္ထနည်း
   
  ` သဏ္ဍာန် အစဉ် အမျှင်ပြတ်သော်လည်း အဝိဇ္ဇာ၏

သဘောက တမျိုး သင်္ခါရ၏ သဘောက တမျိုး ဤသို့

စသည်ဖြင့် သဘော လက္ခဏာချင်း ကွဲလွဲကြသည်´ ဟု

သိရသောနည်းသည် နာနတ္ထနည်း မည်၏။ ဤနာနတ္ထ

နည်းအရ အဝိဇ္ဇာ နှင့် သင်္ခါရ တို့မတူပုံ ၊ သင်္ခါရ နှင့်

ဝိဉာဏ်တို့ မတူပုံ အသစ် အသစ် အကြောင်းနှင့်

အသစ် အသစ် အကျိုးတို့ တမျိုးပြီး တမျိုးဖြစ်ပုံကို

ဆင်ခြင်လိုက်သောအခါ ` မပျက်မစဲ အမြဲတည်သည်´

ဟုယူမှားသော သဿတ ဒိဋ္ဌိသည် ကင်းပျောက်

တော့၏။

✏အရှင်ဇနကာဘိဝံသ - သဂြိုဟ်ဘာသာဋီကာ။

★ နမောဝိဘဇ္ဇဝါဒိနော မဟာကာရုဏိကဿ။

ပဋိစ္စသမုပ္ပါဒ်​ နည်း​လေးပါး အပိုင်း ၁

✔ ✔ ပဋိစ္စသမုပ္ပါဒ် နည်း ၄ ပါး ✔ ✔ အပိုင်း(၁)

#ဧကတ္ထနည်း
     
                  သဏ္ဍာန်အစဉ် အမျှင်မပြတ် တဆက်တည်း

တစပ်တည်းဟု သိရသောနည်းသည် ဧကတ္ထနည်းမည်၏။

`ဤဧကတ္ထနည်း´ အရ မျိုးစေ့မှ အညှောင့်ထွက်၍

သစ်ပင်ကြီး အဖြစ်သို့ရောက်အောင် သဏ္ဍာန် အစဉ်

အမျှင်မပြတ်သကဲ့သို့ အဝိဇ္ဇာ ကြောင့် သင်္ခါရဖြစ်၏။

ရှေးရှေးသင်္ခါရကြောင့် ယခုဘဝ ဝိညဏ်သစ်ဖြစ်၏။

စသည်ဖြင့် အမျှင်မပြတ်ဆက်စပ်ပုံကို ဆင်ခြင်သောအခါ

#ဤဘဝ ဤသတ္တဝါ ဤခန္ဓာအစဉ်သည် ဤဘဝကုန်ဆုံး

လျင်ပြတ်၏။ နောက်ဘဝ နောက်သတ္တဝါ နောက်ခန္ဓာ

တမျိုးဖြစ်ပြန်၏။ ဟုယူမှားသော ဥစ္ဆေဒ ဒိဋ္ဌိသည်

အလိုအလျောက် ကင်းပျောက်တော့၏။ ။

အရှင်ဇနကာဘိဝံသ - သဂြိုဟ်ဘာသာဋီကာ။

သမ္မပ္ပဓာန ၄.

✔ ✔ သမ္မပ္ပဓာနတရား ၄ ပါး အပိုင်း ၄ ✔ ✔
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

       ➳ အနုပ္ပန္န ပါပက ဟူသည် အဘယ်နည်း။

#မည်သူ့ သဏ္ဍာန်၌ မဆို အနမတဂ္ဂသံသရာ၌ မဖြစ်ဖူး

သေးသော အကုသိုလ် ဟူ၍မရှိ။ အကုသိုလ် မျိုးစုံအောင်

ဖြစ်ဖူးကြသည်သာ ။ ထို့ကြောင့် အနုပ္ပန္န အရ ဤဘဝ၌

လုံးဝမဖြစ်ဖူးသေးသော အကုသိုလ် ကိုယူရမည်။

ဤဘဝ၌ ပါဏာတိပါတ ကို တခါမှ မပြုဖူးလျင် ထိုပါဏာ

တိပါတ သည် အနုပ္ပန္န ဖြစ်သည်။

#ထိုကဲ့သို့ မဖြစ်ဖူးသေးသော အကုသိုလ်များကို မဖြစ်ရ

လေအောင် ဒါန သီလ ကို အားထုတ်ခြင်း ကမ္မဋ္ဌာန်း

ဘာဝနာ စီဖြန်းခြင်း ဝတ်ကြီးဝတ်ငယ်ပြုခြင်း ပရိယတ္တိ

သင်အံ ပို့ချ ရေးသားခြင်း ဖြင့် ရှောင်ရမည်။

အကုသိုလ် ဖြစ်လောက်အောင် အာရုံအသစ်အဆန်း

ကိုကြုံတွေ့ရလျင်လည်း အကုသိုလ်မဖြစ်အောင်

ကြိုးစားသတိထား၍ ရှောင်ရမည်။

    ♕ #သမ္မပ္ပဓာန ဝိဘင်း အဋ္ဌကထာ၌မူ ဤတဘဝမှာ

ပင် ငယ်စဉ်က ဖြစ်ဖူးစေကာမူ အချိန်အတန်ကြာအောင်

ငြိမ်ဝပ်နေသော အကုသိုလ်များကိုလည်း အနုပ္ပန္နပါပက

ဟု ခေါ်နိုင်ဖွယ်ရှိသည်ဟု ဖွင့်သည်။

 ♨ အရှင်ဇနကာဘိဝံသ - သဂြိုဟ်ဘာသာဋီကာ ။

သမ္မပ္ပဓာန ၃.

✔ ✔ သမ္မပ္ပဓာန်တရား ၄ ပါး - အပိုင်း ၃ ✔ ✔
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

★ ★ ★ သမ္မပ္ပဓာန တရားလေးပါးတွင် -
 
#ဥပ္ပန္နပါပက ဟူသည် အဘယ်နည်း။ အဘယ်အကုသိုလ်
နည်း။

♨ မိမိသဏ္ဍာန်၌ ဧကန်ဖြစ်ပြီးသော အကုသိုလ်ကို ယူရ
မည်။ ထိုအကုသိုလ်နှင့် ပါဏာတိပါတချင်း အဒိန္နဒါနချင်း
တူသော အကုသိုလ်များသည် ဥပ္ပန္နပါပက မည်၏။
ဥပ္ပဇ္ဇိတ္တာတိ ဥပ္ပန္နံ - ဧကန်ုဖြစ်ပြီးသော အကုသိုလ်တည်း
ဥပ္ပန္နံ ဝိယာတိ ဥပ္ပန္နံ - ဖြစ်ပြီးအကုသိုလ် နှင့် အလားတူသော မဖြစ်သေးသော အကုသိုလ်တည်း။

★ ★ ဖြစ်ပြီးသော အကုသိုလ်ကို အဘယ်သို့ ပယ်မည်
နည်း ။

♨ဥပ္ပန္နပါပက ကိုပယ်ပုံမှာ *ငါသည် ပါဏာတိပါတ အမှု
ကိုပြုမိချေပြီ။ ထိုအမှုသည် မကောင်းဆိုးရွားလှ၏။ ဤိသို့
ပြုမိသည့်အတွက် နောင်တတဖန် ပူပန်ခြင်း ကုက္ကုစ္စ
ဖြစ်နေလျှင် အကုသိုလ်တွေသာ ထပ်၍ တိုးပွားတော့မည်။
ပူပန်မှုကြောင့် ပြုမိတာလဲ ပြုရာမရောက်အောင် မတတ်
နိုင် ´ ဟုဆင်ခြင်၍ ထိုပြုမိသောအမှုကို လုံးလုံး ဂရုမပြုပဲ
ပယ်စွန့်ရာ၏။ ဤသို့အားထုတ်သော် ပြုပြီးသောအမှုကိုလဲ
ပယ်စွန့်ရာရောက်၏။ ဖြစ်ပြီးသော အမှုနှင့် အလားတူ
သော အကုသိုလ်ကိုလဲ ပယ်စွန့်ရာရောက်၏။

    #ဤသို့ ပယ်စွန့်မှုကြောင့် ဖြစ်ပြီးသော အကုသိုလ်
အကျိုးမပေးတော့ဟု မဆိုနိုင်သော်လည်း တော်တော်နှင့်
အကျိုးပေးခွင့်မရတော့ချေ။ ဆက်လက်အားထုတ်လျင်
အဟောသိကံပင်ဖြစ်နိုင်၏။

ဆက်ပါဦးမယ်.......

သမ္မပ္ပဓာန. ၂.

✔ ✔ ❆ သမ္မပ္ပဓာန်တရား (၄)ပါး အပိုင်း (၂)
  ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀  

     
၁။#ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယဝါယာမော။

        ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ဖျောက်
ခြင်းငှါ အားထုတ်ခြင်း။

၂။#အနုပ္ပန္နာနံ ပါပကာနံ အနုပ္ပါဒါယဝါယာမော ။

        မဖြစ်သေးသော အကုသိုလ် တရားတို့ကို မဖြစ်စေ
ခြင်းငှါ အားထုတ်ခြင်း။

၃။#အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယဝါယာမော။

           မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်း
ငှါ အားထုတ်ခြင်း ။

၎။#ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယ ဝါယာမော။

             ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ခိုင်ခံ့တိုးပွား
စေရန် အားထုတ်ခြင်း။

★ ★ သမ္မပ္ပဓာန်တရား ၄ ပါးတို့၏ တရားကိုယ်မှာ
မဟာကုသိုလ် ၈ မဟဂ္ဂုတ် ကုသိုလ် ၉ မဂ်ကုသိုလ် ၎
ဟူသော ၂၁ ပါးသော ကုသိုလ်စိတ် တို့၌ ယှဉ်သည့်
ဝီရိယ စေတသိက်ဖြစ်သည်။

      ♨ တရားကိုယ် အားဖြင့် ဝီရိယ တပါးတည်း ဖြစ်ပါ
လျက် ဥပ္ပန္နပါပက ကို ပယ်ခြင်းကိစ္စ၊ အနုပ္ပန္နပါပက ကို
မဖြစ်စေခြင်းကိစ္စ၊ အနုပ္ပန္နကုသလကို ဖြစ်စေခြင်းကိစ္စ၊
ဥပ္ပန္နကုသလကို တိုးပွားစေခြင်းကိစ္စ ။ ဤသို့ကိစ္စ ၄ မျိုး
ပြားရခြင်းကြောင့် သမ္မပ္ပဓာန် ၄ ပါး ကွဲပြားရသည်။

ဆက်ပါဦးမယ်............

သမ္မပ္ပဓာန ၁

♨ သမ္မပ္ပဓာန - (၁)
 ❀ ❀ ❀ ❀ ❀ ❀ ❀

✔ ✔ #စတ္တာရော သမ္မပ္ပဓာနာ ဥပ္ပန္နာနံ ပါပကာနံ
               ပဟာနာယ ဝါယမော ....................။

   ★ ★ ★ သမ္မပ္ပဓာန = အားထုတ်ကြောင်းဖြစ်သော

ဝီရိယသည် ဥပ္ပန္နပါပကကို ပယ်ခြင်းစသော ကိစ္စလေးမျိုး

ကို ရအပ်၏။ ရဟန္တာ တို့ သဏ္ဍာန်၌ ဥပန္နပါပကကို

ပယ်ဖွယ်မလို။ အနုပ္ပန္နပါပက ကိုလည်း မဖြစ်အောင်

တားမြစ်စရာမလို။ ဥပ္ပန္နကုသလ အနုပ္ပန္နကုသလ

တို့အတွက်လည်း လုံ့လ စိုက်ရန် အချက်မရှိတော့

ကုသိုလ် အကုသိုလ်နှင့် စပ်၍ အရပ်ရပ် ကိစ္စပြီးစီးပြီး

သောကြောင့် ဤ သမ္မပ္ပဓာန် ဝီရိယ ကို ရဟန္တာ တို့

သဏ္ဍာန်၌ မရအပ်။ ဖိုလ် ဝိပါက်များလည်း ထိုကိစ္စကို

မဆောင်နိုင်။ ထို့ကြောင့် သမ္မပ္ပဓာန ဝိဘင်းပါဠိတော်၌

"စတုန္နံ သမ္မပ္ပဓာနာနံ ကတိ ကုသလာ ကတိ

အကုသလာ ကတိ အဗျာကတာ " ဟု ပုစ္ဆာ ပြု၍

`ကုသလာဝ´ ဟု ကုသိုလ်တမျိုးသာ ရှိကြောင်းဖြေတော်

မူသည်။ ဤအဓိပ္ပါယ်များအရ ကုသိုလ်စိတ် ဧကဝီသ

(၂၁ ပါး) ၌ယှဉ်သော ဝီရိယကိုသာ သမ္မပ္ပဓာန်အရ

ကောက်ယူရမည်။ ဤဝီရိယသည် သာမာန် ဝီရိယမဟုတ်

အလွန်အကဲ ဇွဲကောင်းသော ဝီရိယမျိုး ဖြစ်သည်။

ဆက်ပါဦးမယ်............။

အရှင်ဇနကာဘိဝံသ - သဂြိုဟ် ဘာသာဋီကာ

သဒ္ဓါ

✔ ✔ သဒ္ဓါ ✔ ✔
❆ ❆ ❆ ❆ ❆ ❆ ❆

      #သဒ္ဓါသည် ယုံကြည်ခြင်း လက္ခဏာရှိ၏။ ဘုရား
တရား သံဃာ ရတနာမြတ် သုံးပါး၌ သံသယမရှိ စိတ်ချလက်ချ ယုံကြည်ခြင်း လက္ခဏာရှိ၏။ ထို့ကြောင့် ဤ
သဒ္ဓါကို `သဒ္ဓါဓိမောက္ခ - ယုံသောအားဖြင့် ဆုံးဖြတ်မှု´
ဟု အချို့အရာ၌သုံးသည်။
       #ကြည်လင်စေခြင်း ကိစ္စရသ ရှိ၏။ စကြ်ာမင်း၏
ပတ္တမြား ရတနာကို နောက်ကျူနေသော ရေထဲသို့ထည့်
လိုက်သော အခါ အနည်ကျ၍ ကြည်လာသကဲ့သို့ စိတ်
အစဉ်၌ သဒ္ဓါယှဉ်သောအခါ နီဝရဏ တွေ ကွယ်ပျောက်၍
ကြည်လင်သောစိတ်အစဉ် ဖြစ်လာသည်။
  ထို့ကြောင့် သဒ္ဓါကို ယုံကြည်ခြင်းဟု သုံးကြသည်။

#ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ။ ။ အကာလုဿိယဥပဋ္ဌာနာ- မ
နောက်ကျူသည် အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အားထင်လာ
သည်။ သဒ္ဓေယျဝတ္ထုပဒဋ္ဌယနာ - ယုံကြည်ထိုက်သော
ဝတ္ထုလျင် နီးစွာသော အကြောင်း ရှိ၏။ #သေဒၶယ် ဝတၳဳ
များကား - ရတနာ သုံးပါး ကံနှင့်ကံ၏ အကျိုး ပစ္စုပ္ပန် လောက တမလွန်လောက တို့တည်း။
့် ဤစကားရပ်ဖြင့်
ရတနာ ၃ ပါး၏ ဂုဏ်ကို ယုံကြည်မှု။ ပြုအပ်သမျှ ကံ သည်
သတ္တဝါတို့ သဏ္ဍာန်၌ သတ္တိတမျိုး အားဖြင့် ရှိနေသည် ဟု
ယုံကြည်မှု။ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုး ရှိ၏ ဟု
ယုံကြည်မှု ။ ဤယုံကြည်မှုမျိုးသည်သာ သဒ္ဓါ အစစ်ဖြစ်
ကြောင်းသိသာပြီ။

     ✔ ✔ #သဒ္ဓါတု ✔ ✔

     ★ ★ #ယခုအခါ ၌ကား `ဘုရားတန်ခိုးပြသည် ၊
ရောင်ခြည်တော် လွှတ်သည် ၊ ဓာတ်တော် အစစ် ၊´စသည်
ဖြင့် လိမ်လည် လှည့်ပတ်၍ ပြောအပ်သည်ကို တကယ်
အစစ် ထင်မှတ်၍ #သဒ္ဓါတရား ဖြစ်ကြသည် " ဟုဆို၏။

          ★ ★ #ထိုသို့ဖြစ်ရာ၌ သဒ္ဓါအစစ် မဟုတ်နိုင်။

★ ★ #မှားမှား မှန်မှန် ယုံကြည်တိုင်း သဒ္ဓါတရားဟု

ဆိုလျှင် #မိစ္ဆာ အယူရှိသူတို့လည်း မိမိ တို့ ဘုရား တရား

ကိုလွန်စွာကျေနပ်ကြ၏။ #မဟာဒေဝ ဘုရား နိမိတ်အင်္ဂါ
နှင့် ကြင်ယာတော် နတ်သမီး နိမိတ် ပုံတို့ကို ပူးတွဲစပ်ပြီး
မဟာဒေဝ ဘုရားနှင် စန္ဒီနတ်သမီး အမှတ်ဖြင့် ပူဇော်ကြ
ကုန်၏။

     ✔ ✔ #မိစ္ဆာ ဓိမောက္ခ ✔ ✔

           #ဤသို့ မိမိတို့ ဆိုင်ရာဝယ် လွန်စွာကြည်ညိုကြ
ခြင်းသည် #သဒ္ဓါစစ် မဟုတ် ။ မိစ္ဆာ ဓိမောက္ခ ခေါ် သဒ္ဓါတု သာတည်း။
 #တရားကိုယ်အားဖြင့် မောဟ ဒိဋ္ဌိ တပါးပါး ပြဋ္ဌာန်းသော
အကုသိုလ် စိတ္တုပ္ပါဒ်သာ လျော်စွာဖြစ်ရာ၏။ ။

★ ★ #ကာဠနဂါးမင်းက ဘုရားရှင်၏ ပုံတော် ဖန်ဆင်းပြရာ၌ ဓမ္မာသောက မင်း၏ လွန်စွာကြည်ညိုသော သဒ္ဓါမျိုး ကဲ့သို့ ဘုရားရှင် ကိုယ်တော်မြတ်၏ ဓာတ်တော်
ဆင်းတုတော် စွယ်တော်တုများ၌ `အတုသည်ပင် ဤမျှ
သပ္ပါယ် တင့်တယ်တော်မူသေး၏´ ဟု အောက်မေ့ကာ
ကြည်ညိုသော အရာမျိုး၌ #သဒ္ဓါအစစ် ဖြစ်ဖွယ်ရှိသည်။

      အရှင်ဇနကာဘိဝံသ -သဂြိုဟ်ဘာသာဋီကာ ။

၃၂​ကောဋ္ဌာသ

✔ ✔ ၃၂ ကောဋ္ဌာသ ✔ ✔
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
 
၁။ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား
    အရေပြား (တစပဉ္စက)
၂။ အသား၊အကြော၊ရိုးတွင်းချဉ်ဆီ၊အရိုး၊အညို့
   (ဝက္ကပဉ္စက)
၃။နှလုံး ၊ အသည်း၊အမြှေး၊အဖျဉ်း၊အဆုပ်၊
  (ပပ္ဖါသပဉ္စက)
၎။အူမ၊အူသိမ်၊အစာသစ်၊အစာဟောင်း၊ဦးနှောက်။
  (မတ္ထလုင်္ဂပဉ္စက)
၅။သည်းခြေ၊သလိပ်၊ပြည်၊သွေး၊ချွေး၊အဆီခဲ။
    (မေဒဆက္က)
၆။မျက်ရည်၊ဆီကြည်၊တံတွေး၊နှပ်၊အစေး၊ကျင်ငယ်။
    (မုတ္တဆက္က)

★ စင်ဆုပ်ရွံရှာဖွယ် ၃၂ပါးသော အဖို့အစုတို့သည်
တခုနှင့်တခု ဆက်စပ်လျက် တည်ကြကုန်၏။

ပဋိစ္စသမုပ္ပါဒ်

✔ ✔ ပဋိစ္စ သမုပ္ပါဒ် ✔ ✔
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

     #ပါဠိဝါကျ ၄ ကြောင်း။

ပဋိစ္စသမုပ္ပါဒ် ကို အကြမ်းဖျင်း နားလည်ဖို့ ပါဠိဝါကျ
၎ ကြောင်း ကို သိထားရမယ်။
     ဒီဟာက အရိယာသာဝကသုတ် (နိဒါနသံယုတ်) မှာပါတယ်။

`#ဣမသ္မိံ သတိ ဣဒံ ဟောတိ ´ ဤအကြောင်း
တရားရှိနေရင် ဤအကျိုး တရား ရှိနေမယ်။

`#ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇိ ´
ဣမဿ - ဤအကြောင်းတရား၏ ဥပ္ပါဒါ - ဖြစ်ပေါ်လာမှုကြောင့် ဣဒံ - ဤအကျိုးတရားသည်
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်လာ၏။
       
      ဒါပဋိစ္စသမုပ္ပါဒ် ရဲ့ အဓိပ္ပါယ် ကိုရှင်းတာ ဒါရှိ
ရင် ဒါရှိနေမယ် ။ ဒါတွေရှိလို့ ဒါတွေဖြစ်နေတာ ။
အဓိပ္ပါယ် က ရှင်းရှင်းလေးပဲ။

         အဲဒါကို negative ဆန့်ကျင်ဘက် စကား
လုံးနဲ့ပြန်ပီးပြောတော့ `ဣမသ္မိံ အသတိ ဣဒံ
န ဟောတိ ´ ဒါမရှိရင် ဒီဟာ မရှိတော့ဘူး။
`#ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဇတိ ´ `ဒါချုပ်ငြိမ်း
သွားလို့ ရှိရင် ဒီဟာ လဲ ချုပ်ငြိမ်းသွား မှာပဲ´။
ဒီစကားလုံးလေးက သံသရာက လွတ်ကြောင်း ရှိ
တယ်ဆိုတာကို ဖော်ပြတာ။ သံသရာ မှာ ဘာကြောင့် လည်နေတာလဲဆိုတာ လဲပြတယ်။
လွတ်ကြောင်း ကိုလည်း သိမြင်စေတဲ့ အရာ
ပဋိစ္စသမုပ္ပါဒ် ကို အကျဉ်းလေးနဲ့ပြတဲ့ ပါဠိဝါကျ
၎ ခုပဲ။
     
          ဒီလို နားလည်လိုက်တဲ့နေရာမှာ ဒါတကယ့်
ထွက်ပေါက်ပဲ။ မြတ်စွာဘုရား ဟောတဲ့တရားတွေ
မှာ ချွင်းချက်ဆိုတာ မရှိဘူး။ နခါသိခ သုတ္တန် မှာ
မြူမှုန် လေးလောက် သေးငယ်တဲ့ အရာဝတ္တုမှာ
တောင် နိစ္စထာဝရ မြဲတယ်ဆိုတဲ့အရာ တွေ့ရင်
မြတ်သော အကျင့် ဆိုတဲ့ မဂ္ဂင် ၈ ပါး ကျင့်စရာ
မလိုဘူး တဲ့။ တကယ်တော့ မြဲတယ်ဆိုတဲ့ အရာ
ဘာတခု မှ မရှိဘူး။

             ဒီအကြောင်းတရား တွေရှိနေရင် ဒီအကျိုးတရားတွေ ရှိနေမှာပဲ။ ဒီအကြောင်း တရားတွေ ဖြစ်နေရင် ဒီအကျိုးတရားတွေ ဖြစ်နေမှာပဲ။
ဒီအကြောင်းတရားတွေ ချုပ်ငြိမ်းသွားရင် ဒီအကျိုး
တရားတွေ ချုပ်ငြိမ်း သွားမှာပဲ။ လို့ ပဋိစ္စသမုပ္ပါဒ်
ကို ဒီလို မြတ်စွာဘုရား က ရှင်းတယ်။

         ပဋိစ္စသမုပ္ပါဒ် ကို မြင်မှ တရားကို မြင်မယ်။
`#ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ၊ သော ဓမ္မံ ပဿတိ။ ´ ပဋိစ္စသမုပ္ပါဒ် ကို မမြင်သေးရင်
တရား အစစ်အမှန်ကို မြင်ဦးမှာ မဟုတ်ဘူး။
ဒါ့ကြောင့် ပဋိစ္စသမုပ္ပါဒ်ဟာ အလွန့် အလွန်
အရေးကြီးတဲ့ တရားဖြစ်တယ်။

 အရှင်နန္ဒမာလာ ဘိဝံသ။
  ပဋိစ္စသမုပ္ပါဒ် ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာ သုံးသပ်ခြင်း တရားတော်။

ဥပသကာဂုဏ်​ရည်​- ၁၀ ပါး။

🌷🌷ဥပါသကာ ဂုဏ်ရည် (၁၀)ပါး 🌷🌷

        ရတနာ မြတ်သုံးပါး ကို ယုံကြည်ကိုးကွယ်
ဆည်းကပ်သူ၏ ဂုဏ်ရည်များ။

၁။ဘုရားရှင်၏ တပည့်သား သံဃာများနှင့် ဆင်းရဲ
    ချမ်းသာကို အတူတကွ ဝေမျှခံစားခြင်း။
၂။ဗုဒ္ဓတရားတော်ကိုသာ အလေးဂရုပြုခြင်း(သာ
   သနာပ အယူများကို ဂရုမပြုခြင်း)
၃။မိမိ ပစ္စည်းဥစ္စာကို ခွဲခြမ်းသုံးစွဲ လှူဒါန်းတတ်ခြင်း
၎။ဘုရား သာသနာ ပျက်စီးမည့်အရေး မြင်တွေ့ပါ
   က သာသနာကြီးပွားကြောင်း ကိုသာ မနေမနား
   ကြိုးပမ်း အားထုတ်ခြင်း။
၅။အယူ ဖြောင့်မှန်ပြီး အထူးအဆန်းမင်္ဂလာတို့ကို
   ယုံကြည်မှုမရှိသည့် အပြင် မိမိ ကိုးကွယ်ရာ
   ဆရာ(ဘုရား)မှလွဲ၍ အယူပျက်သော တိတ္ထိ
   ဆရာများကို မည့်သည့်အခါမျှ ဆရာ အဖြစ်
   မရည်ညွှန်းခြင်း။
၆။ကာယကံ ဝစီကံ ကိုစောင့်ထိန်းခြင်း။
၇။အတူနေ ပုဂ္ဂိုလ် များနှင့်သင့်တင့်အောင်
   နေတတ်၍ အချင်းချင်း အပေါ်ငြူစူမှုကင်းပြီး
   သာသနာတော် ပေါ်ခုတုံးလုပ်၍ ဟန်ဆောင်
   ပလွှား ဝါကြွားမှု မရှိခြင်း။
၈။ဘုရား ရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း။
၉။တရား ရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း။
၁၀။သံဃာ ရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း။

              Ref: မိလိန္ဒပညှာ - ၁၀၂။

ဥပစာ ၁၀ ပါး

🎓 ဥပစာ (၁၀)ပါး။
**************
#တင်စား၍ခေါ်ဆိုခြင်း(၁၀)ပါး
*******************

(၁) #ကရဏူပစာ
            အကြောင်း၏ အမည်ကို အကျိုး၌ တင်စား၍ခေါ်ခြင်း။ e.g: မျက်စိဖြင့် အဆင်းကို မြင်၏ ဟု ဆိုရာတွင် အကြောင်းစက္ခုပသာဒ၌
အကျိုးစက္ခုဝိဉာဏ်ကို ယူခြင်း။ (ဟေတူပစာ ဟုလည်းခေါ်)

(၂)#ဖလူပစာ
          အကျိုး၏ အမည်ကို အကြောင်း
၌ တင်စားခေါ်ခြင်း။ e.g: ထမင်းချက်၏ ဟူရာ၌ အကျိုးအမည် ထမင်းကို အကြောင်း ဆန်၌ တင်စားခေါ်ခြင်း။

(၃)#သဒိသူပစာ
            အတူဖြစ်သော ဥပမာအမည်ကို
အတူရှိသော ဥပမေယျ၌ တင်စားခေါ်ခြင်း။ e.g: ငခွေး ငနွား ဟူရာ၌
အတူဥပမာ ဖြစ်သော နွား ခွေး စသည်ကို မယူပဲ ဥပမည်း ဥပမေယျ ဖြစ်သော
လူကို ယူခြင်း။

(၄)#ဌာနူပစာ
            တည်ရာ ဋ္ဌာန အမည်ကို တည်တတ်သော ဋ္ဌာနီ၌ တင်စားခေါ်ခြင်း။
e.g: ဟိုဘက် ကုတင်က ဟောက်လိုက်တာ ဟူရာ၌ ဋ္ဌာနဖြစ်သော ကုတင်ကို
မယူပဲ ဋ္ဌာနီလူကိုသာ ဆိုလိုခြင်း။

(၅)#ဋ္ဌာနျူပစာ
              တည်တတ်သော ဋ္ဌာနီ အမည်ကို တည်ရာဋ္ဌာန ၌ တင်စားခေါ်ခြင်း။
e.g : လှံလာခဲ့ သေနတ်လာခဲ့ ဆိုလျင်
ဋ္ဌာနီဖြစ်သော လှံ သေနတ် တို့ကို ဆိုလျင် ဋ္ဌာနဖြစ်သော လူကိုယူရသည်။

(၆)#ဂုဏူပစာ
            တည်တတ်သော ဋ္ဌာနီ နိဿိတ ဂုဏ်အမည်ကို တည်ရာဋ္ဌာန နိဿယ
ဂုဏေး၌ တင်စားခေါ်ခြင်း။ e.g: ပုဆိုးဖြူ ပုဆိုးနီ။ (ဂုဏ် ဋ္ဌာနီနိဿယ ကိုဆိုလျှင် ဂုဏေးဋ္ဌာန နိဿယ ကိုယူ)

(၇)#ဧကဒေသျူပစာ
              အပေါင်းဖြစ်သော ဧကဒေသီ
အမည်ကို အစိတ်ဖြစ်သော ဧကဒေသ ၌ တင်စားခေါ်ခြင်း။ e.g: သမုဒ္ဒရာကို မြင်၏။
 (အပေါင်းကိုဆိုလျှင် အစိတ်ကိုယူ)

(၈)#သမီပူ ပစာ
                အနီးရှိသော သမီပီ အမည်ကို အနီးဖြစ်သော သမီပ၌ တင်စားခေါ်ခြင်း။ e.g : ဧရာဝတီ မြစ်၌
ဆန်စပါး စိုက်ပျိုး၏ ဟူရာ၌ ဧရာဝတီအနီး
ကမ်းပါး သမီပ ကိုယူ။

(၉)#တဒ္ဓမ္မူပစာ
                 ထင်ရှားရှိသော တဒ္ဓမ္မအမည် ကို ထင်ရှားမရှိသော အတဒ္ဓမ္မ၌ တင်စားခေါ်ခြင်း။
e.g: မိန်းမ မြုံမ သားသည် ယုန်ချိုလေးကို ထမ်းသွားသည်။ (ထင်ရှားရှိသည်ကို ဆိုလျှင် မရှိသည်ကိုယူ)

(၁၀)#ဘေဒူပစာ
           မကွဲပြားပဲ ကွဲပြားသကဲ့သို့ ဆိုခြင်း။e.g: ငါ၏ ကိုယ် ဟူရာ၌
ငါလဲ ခန္ဓာ၅ပါး။ ကိုယ်လဲ ခန္ဓာငါးပါး ။
မကွဲပြားပါပဲ သူတပါး ခန္ဓာကို နစ်စေခြင်းငှါ ဆိုရသကဲ့သို့ ။.

        Ref: သံဝဏ္ဏနာ ၊နည်းလေးဆယ်
                       သဒ္ဒါငယ်ကျမ်း။
                 အရှင်ဩဘာသာဘိဝံသ ။

သဘာဝရူပံ

✔ ✔ သဘာဝရူပံ ✔ ✔
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

        ` ဘာဝီယတိ လက္ခီယတိ ဧတေနာတိ ဘာဝေါ " အရ မှတိသားကြောင်း လက္ခဏာကို ဘာဝ
ဟုခေါ်သည်။ မိမိတပါးတည်း၏ လက္ခဏာ ကို သဘာဝခေါ်၏။ ကက္ခဠ လက္ခဏာသည် ပထဝီ
တပါးတည်း၏ ကိုယ်ပိုင် လက္ခဏာ ဖြစ်သကဲ့သို့ပင်
ဤသို့ မိမိ ဆိုင်ရာ သီးခြားလက္ခဏာ ရှိသော ရုပ်ကို သဘာဝရုပ် ဟုခေါ်သည်။
#သန္တောဘာဝေါ သဘာဝေါ " ပရမတ္ထ အားဖြင့်
အထည်ကိုယ် ထင်ရှား ရကောင်းသောရုပ်
ဟု ဆိုလိုသည်။

     ✔ ✔ အသဘာဝရုပ် ✔ ✔
     ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

              အာကာသ စသော ရုပ်များကား
ဤသို့ အထည်ဝတ္ထု အထင်အရှား မရကောင်းသောကြောင့် အသဘာဝရုပ်မည်၏။
      #အာကာသ စသော ရုပ် ၁၀ ပါးတွင်
အာကာသ (အကြား) ဟူသည် အထည်ဝတ္ထု အထင်အရှားမရှိ။ ရုပ်ကလပ် ၂ ခုတို့ပေါင်းစပ်မိ
လျှင် အလိုလို အာကာသဓာတ် ပေါ်လာ၏။
ပရမတ္ထ အစစ်ဖြစ်သော နိဗ္ဖန္နရုပ် များတွင်
ကပ်မြှောင်၍ ပါလာသော သဘောဖြစ်၍ ရုပ်ဟု
ခေါ်ရသည်။ စင်စစ် ပရမတ် ရုပ်အစစ်ပင်မဟုတ်
ပညတ်မျှသာတည်း။ ထိုရုပ် ၁၀ ပါးတွင် ဝိညတ်မှာ
အတော်ပင်ထင်ရှား၏။ ထိုဝိညတ်သော်မှ ပရမတ်
မဟုတ်ကြောင်းကို အဋ္ဌသာလိနိ အဖွင့်မူလဋီကာ၌
`န စိတ္တသမုဋ္ဌာနာတိ ဧတေန ပရမတ္ထတော အဘာဝံ ဒေဿတိ ´ ဟု မိန့်ပြီ။

    အရှင်ဇနကာဘိဝံသ

မနသီကာရ ၃ မျိုး

✔ ✔ မနသိကာရ (၃) မျိုး ✔ ✔

  #ဝီထိပဋိပါဒက. ဇဝနပဋိပါဒက အာရမ္မဏပဋိပါဒက ဟု
မနသိကာရ ၃ မျိုး ရှိသည်။ ဝီထိစိတ်အစဉ်ကို ဖြစ်စေ
တတ်သော မနသိကာရကို ဝီထိပဋိပါဒက မနသိကာရဟု
ခေါ်သည်။ တရားကိုယ်မှာ ပဉ္စဒွါရာဝဇ္ဇန်း တည်း။ ပဉ္စဒွါရာ
ဝဇ္ဇန်း သည် မိမိနောက်၌ စက္ခုဝိညဏ် သမ္ပဋိစ္ဆိုင်း စသော
ဝီထိကို ဖြစ်စေတတ်သည်။

        #ဇောအစဉ်ကို ဖြစ်စေတတ်သော မနသီကာရကို
#ဇဝနပဋိပါဒက မနသိကာယဟုခေါ်၏။ တရားကိုယ်မှာ
မနောဒွါရာဝဇ္ဇန်း ။ မှန်၏ - မနောဒွါရာဝဇ္ဇန်း သည် မိမိ
နောက်၌ ဇောအစဉ်ကို ဖြစ်စေတတ်သည်။ ကျမ်းဂန်များ
၌ အသုံးများသော ယောနိသော မနသိကာယ/အယောနိ
သော မနသိကာယဟူသည် ဤ နှစ်မျိုးပင်တည်း။

         #အာရမ္မဏပဋိပါဒက မနသိကာယကား စိတ်၌
အာရုံကို ပေါ်လာစေတတ်သော မနသိကာယ
စေတသိက် ပင်တည်း။ [အချို့အရာ၌ ဉာဏ်ကိုလည်း
ယောနိသောမနသိကာရဟု ကောက်ယူသေး၏]

         #ဧကူနတိံသ ကာမာဝါစရ ဇဝနေသု
ယံကိံဉ္စိလဒ္ဓပစ္စယံ ။ ။ ဝုဋ္ဌောစိတ်ချုပ်ပြီး နောက် ရူပါရုံကို
အာရုံပြု၍ ကာမဇောစောသည်ရှိသော်
` #ယောနိသော ဘိက္ခဝေ မနသိကရောတော
အနုပ္ပန္နာစေဝ ကုသလာဓမ္မာ ဥပ္ပဇ္ဇန္တိ,ဥပ္ပန္နာ စ
ကုသလာဓမ္မာ ဘာဝနာယ ပါရိပုရိံဂစ္ဆန္တိ ´ ပါဠိတော်နှင့်
အညီ ယောနိသောမနသိကာရဖြစ်လျှင် ကုသိုလ်ဇော
အယောနိသော ဖြစ်လျှင် အကုသိုလ်ဇော ယောနိသော
မနသိကာရ ရှိသော်လည်း နိရာနုသယ ကင်းသော
ရဟန္တာ များသဏ္ဍာန်၌ ဖြစ်လျှင် ကြိယာဇော စောသည်။

          #ထိုယောနိသော မနသိကာရဖြစ်ဖို့ /မဖြစ်ဖို့
ရန် အကြောင်း အဆက်ဆက်မှာ -ရှေးဘဝက ကုသိုလ်
ကောင်းမှုပြုခဲ့ခြင်းဟူသော ပုဗ္ဗေစကတပုညတာစက် ရှိခဲ့
သူမှာ သင့်တင့်လျောက်ပတ် သူတော်သူုမြတ်တို့ ရှိရာ
`ပဋိရူပ´ အရပ်၌ ဖြစ်ရ၏။ ထိုအရပ်၌ ဖြစ်ရသူသည်
မိကောင်း ဖကောင်း ဆွေမျိုးကောင်း ဆရာသမားကောင်း
ဟူသော သူတော်ကောင်းတို့ကို မှီခိုဆည်းကပ်ရခြင်း
တည်းဟူသော သပ္ပူရိသူပနိဿယစက်နှင့် ပြည့်စုံ၏။
ထိုစက်နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရား
နာကြားရခြင်းဟူသော သဒ္ဓမ္မဿဝနစက် နှင့်ပြည့်စုံ၏။
             ထိုသူသည် မိမိကိုယ်ကို၎င်း မိမိစိတ်ကို၎င်း
ထိမ်းသိမ်း နိုင်ခြင်း ဟူသော အတ္တသမ္မာပဏိဓိစက်နှင့်
ပြည့်စုံ၏။ ဤအတ္တသမ္မာပဏိဓိစက်နှင့် ပြည့်စုံနေသူ၏
သဏ္ဍာန်မှာ တွေ့မြင်ရာရာ အာရုံတိုင်း၌ ယောနိသော
အဖြစ်များကာ ကုသိုလ်ဇောစောကြတော့မည်သာ။
အထက်ပါစက်များ အဆင့်ဆင့် ချို့ယွင်းနေသူ၏ သဏ္ဍာန်
မှာကား အယောနိသောအဖြစ်များ၍ အကုသိုလ်ဇော
သာစောလတ္တံ့။

      #ထို့ကြောင့် ယခုဘဝ ကုသိုလ်ဇောစောရာ၌
ယောနိသောမနသိကာရသည် နီးသောအကြောင်း
အတ္တသမ္မာပဏီဓိ သည် ဝေးသော အကြောင်းဟု
သိကြရမည်။

     ★ အရှင်ဇနကာဘိဝံသ - သဂြိုဟ်ဘာသာဋီကာ

ဝိစာရ

✔ ✔ ဝိစာရ ✔ ✔

    #ဝိစရဏံ ၊ အာရုံ၌ အဖန်ဖန် လှည့်လည်ခြင်းသည်

ဝိစာရော မည်၏။ သော ၊ ထိုဝိစာရသည်၊

မနုမဇ္ဇန လက္ခဏော အာရုံကို အထပ်ထပ် သုံးသပ်

ပွတ်တိုက်ခြင်း လက္ခဏာရှိ၏။ ဝိတက်၏ တင်ပေးမှု

ကြောင့် အာရုံတခုခု သို့ရောက်နေရာ ထိုအာရုံမှ မခွာပဲ

ရစ်ဝဲ လှည့်လည်နေခြင်းသည် ဝိစာရ သဘောပင်တည်း။

ရစ်ဝဲနေခြင်း ဆိုရာတွင် အာရုံကို ရစ်သီ ရစ်သီ ဝဲနေရုံ

မဟုတ်၊ ထိုအာရုံကို မလွှတ်ပဲ ထပ်၍ ထပ်၍ ပွတ်တိုက်နေ

သကဲ့သို့ သုံးသပ်ခြင်း ဖြစ်၏။

       #သဟဇာတာနုယော ဇနရသော - တကွဖြစ်ဖက်

တရားတို့ကို အာရုံ၌ ထပ်ကာ ထပ်ကာ ယှဉ်စေခြင်း ကိစ္စ

ရှိ၏။

       #ယူအပ်ပြ်းသော အာရုံကို စိတ်အစဉ်၌ မပြတ်

အောင် ဖွဲ့ထားတတ်သော တရားဟု ယောဂီတို့ ဉာဏ်အား

ထင်လာစေ၏။

သဥပါဒိ​သေသနိဗ္ဗာန်

##ဘုရားရဟန္တာ မှာ ဥပါဒါနက္ခန္ဓာ
    ရှိသေးလား ဆိုသူများအတွက်။

သဥပါဒိသေသနိဗ္ဗာနဓာတု
**********************

   #ကမ္မကိလေသေဟိ ဥပါဒီ-
ယတီတိ ဥပါဒိ - ကံ ကိလေသာတို့သည် ငါ ငါ့ဥစ္စာ
ဟု စွဲယူအပ်၏။ ထို့ကြောင့်
#ဥပါဒိ မည်၏။ သတ္တဝါတို့
သဏ္ဍာန်ဝယ် မူတည်သော
သဘောအားဖြင့်ရှိသည်မှာ
ဘဝင်ကိစ္စတပ်သော ဝိပါက်ဝိဉာဏ်နှင့် ကမ္မဇရုပ်များတည်း။

 ထို အကျိုးများကို စီမံ လိုက်သော ကံက "ငါ့ဥစ္စာ-ငါ့အကျိုး" ဟုစွဲယူ၏။ ကိလေသာတို့က
"ငါ၏ အာရုံပြုရာတရား" ဟု စွဲမှတ် အာရုံပြု၏။ ထို့ကြောင့် ဝိပါက်ဝိဉာဏ်နှင့် ကမ္မဇ ရုပ်ကို "ဥပါဒိ" ဟုခေါ်သည်။ တနည်း
တဏှာ ဒိဋ္ဌိ တို့က အာရုံပြုသောအားဖြင့် စွဲယူအပ်သော
ဥပါဒါနက္ခန္ဓာ ၅ ပါး ကို
#ဥပါဒိ ဟုခေါ်၏။

  "သိဿတိ အဝသိဿတီတိ
သေသော စာတိ ဥပါဒိသေသော" ကြွင်းကျန်ရစ်သောကြောင့် "သေသ" မည်၏။
ထိုဝိပါက် ခန္ဓာ ကမ္မဇရုပ် သည် #ဥပါဒိ လည်းမည်၏။
ကြွင်းကျန်ရစ် သည်လည်းဟုတ်၏။ ထို့ကြောင့် "ဥပါဒိသေသ" မည်၏။
    အနမတဂ္ဂသံသရာဝယ်
ဝိပါက် ကမ္မဇရုပ် များသည်
ကိလေသာတို့နှင့် ထွေးရော
ယှက်တင်လာခဲ့ရာ မဂ်တရား
က ကိလေသာတွေကို ပယ်သတ်လိုက်သောအခါ ကြွင်းကျန်ရစ်သော ဝိပါက် ကမ္မဇရုပ်ကို
(တနည်း- ရဟန္တာ အရှင်မြတ်၏ ခန္ဓာ၅ ပါးကို)
"ဥပါဒိသေသ" ဟု ခေါ်သည်။

     #သဟ ဥပါဒိသေသေန
ဝတ္တတီတိ သဥပါဒိသေသာ။
 အကြင် နိဗ္ဗာနဓာတ်သည်
ကိလေသာတို့မှ ကြွင်းကျန်ရစ်သော ဝိပါက်ခန္ဓာ ကမ္မဇရုပ် နှင့်တကွ ဖြစ်၏။ ထို့ကြောင့်
သဥပါဒိသေသမည်၏ ။ #ဝိပါက်ခန္ဓာ ကမ္မဇရုပ် တို့နှင့်တကွ ဖြစ်သည် ဆိုသော်လည်း စိတ်နှင့်စေတသိက် အတူတကွ ဖြစ်သလိုမဟုတ်၊ ကြွင်းကျန်သော ဝိပါက် ကမ္မဇရုပ် များဖြင့် နိဗ္ဗာန် ကို မှတ်သားရသောကြောင့် နိဗ္ဗာန် က မှတ်သားအပ်သော လက္ချ ဝိပါက်
ကမ္မဇရုပ်များက မှတ်သားကြောင်း လက္ခဏ ဖြစ်၍
လက္ချ လက္ခဏာ အားဖြင့်
တကွဖြစ်သည် ဟုမှတ်ပါ။  

   
       သဂြိုဟ်ဘာသာဋီကာ
          စာ - ၅၄၆

ခန္ဓာနှင့်​ ဥပါဒါနက္ခန္ဓာ

ခန္ဓာနှင့်ဥပါဒါနက္ခာ ဒေသနာအထူး။
လောကီဖြစ်စေ လောကုတ္တရာ ဖြစ်စေ ခန္ဓာဖွဲ့ကောင်းသမျှတရားများကို သိမ်းကြုံးပြတော်မူခြင်းငှါ ခန္ဓာ့ ဒေသနာကို ပထမဟောတော်မူသည်။
ဝိပဿနာ ကမ္မဋ္ဌာန်း စီးဖြန်းရာ၌ကား လောကုတ္တရာ တရားများကို အာရုံပြု၍ မစီးဖြန်းရ ၊ ဝဋ်ဒုက္ခတရားများကို အာရုံပြု၍ စီးဖြန်းမှ အနိစ္စဒုက္ခအနတ္တသဘော ထင်မြင်နိုင်မည်။
လောကုတ္တရာ စိတ်စေတသိက်သည် အနိစ္စဒုက္ခ အနတ္တတရား၌ ပါဝင်သောသင်္ခါရများပင် ဖြစ်လင့်ကစား မဂ်တရားတို့က ဝဋ် ဒုက္ခ မှ ထွက်မြောက်ကြောင်း ဖိုလ်တရားတို့က ဒိဋ္ဌဓမ္မနိဗ္ဗာန် စံဖို့အကြောင်း အကောင်းချည်းသာဖြစ်၍၊ ဝိပဿနာ ရှုလျှင်လည်း နိဗ္ဗန္ဒဉာဏ်ဖြင့်ငြီးငွေ့ရန်မဟုတ်ချေ။
ထို့ကြောင့် ကမ္မဋ္ဌာန်းရှုသောအခါ လောကီ ခန္ဓာ ကိုသာရှုရသည်။ ဤသို့လျှင် ဝိပဿနာ ရှုရန်အကျိုးငှါ လောကီသက်သက် ဥပါဒါနက္ခန္ဓာ ဒေသနာကို တစ်ဖန်ဟောတော်မူရပြန်သည်။

အရှင်ဇနကာဘိဝံသ
သဂြိုဟ်ဘာသာဋီကာ။

ပရမတ်​၏ မ​ဖောက်​ပြန်​ပုံ

✔ ✔ ပရမတ်၏ မဖောက်ပြန်ပုံ ✔ ✔
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

      ပထဝီဓာတ်သည် ခိုင်မာခြင်း ကက္ခဠ လက္ခဏာ ရှိ၏။ ပထဝီ၏ ခိုင်မာခြင်း သဘောကိုဖွဲ့စည်းခြင်း(အာဗန္ဓန ) သဘောသို့ ပြောင်းအောင် ၊ စိတ်၏ အာရုံကိုသိခြင်း ဝိဇာနာန သဘောကို ဖုသန စသောသဘောသို့ ပြောင်းအောင်
၎င်း။ ဖဿ ၏ တွေ့ထိခြင်းသဘောကို ခံစားခြင်းစသော သဘောတမျိုးသို့ ပြောင်းလဲအောင် မည်သူ တဦးမျှ မတတ်နိုင်။ နိဗ္ဗာန်၏ သန္တိသဘော
မပြောင်းလဲ ပုံမှာ ဆိုဖွယ်ရာမရှိပြီ။
     ဤသို့လျှင် လောဘကလည်းလိုချင်မှု သဘောက မပြောင်းလဲ။ အလောဘက လည်း မလိုချင်မှုက ပြောင်းမသွားတာ ကိုပဲ " ပရမော" မြတ်သော အတ္ထော အနက်တည်း
မရမတ္ထော - မြတ်သော အနက်သဘော´ ဟုဆိုရပေသည်။

      ✔ ✔ ဟိနာဓမ္မာနှင့် ပရမတ္ထ ✔ ✔
     ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
   
                   ဟိနာ ဓမ္မာဟူသော မာတိကာ ပုဒ်
၌ယူရသော အကုသိုလ်စိတ် စေတသိက်တို့သည်
ဤပရမတ္ထဓမ္မ၌ ပါဝင်ကြ၏။ ဟိနာဆိုသောစကား
နှင့် ပရမတ္ထ ဟူသော သဘောသည် မဆန့်ကျင်ဘူးလားဟု မေး အကုသိုလ် တရားများကို တကယ်ယုတ်ညံ့၍ ဟိန ဟုဟောတော်မူသည်။
သို့သော် လောဘမှန်လျှင် ခွေးသဏ္ဍာန်ဖြစ်ဖြစ်
ဗြဟ္မာကြီးသဏ္ဍာန် ဖြစ်ဖြစ် လိုချင်မှု သဘောမှ
မပြောင်းလဲပဲ ခိုင်မြဲတည့်မတ်သောကြောင့်
ပရမ ဟု ဆိုအပ်၏။
        ပရမသဒ္ဒါသည် ဟိန သဒ္ဒါ ၏ ဆန့်ကျင်ဘက် ပဏီတ အနက်ကိုမပြ ။ မဖောက်မပြန်မှန်ကန်
တည့်မတ်ခြင်း (အဝိပရီတ ) အနက်ကိုပြရကား
ဟီန နှင့် ပရမ တို့ မဆန့်ကျင်ကြပေ။

    အရှင်ဇနကာဘိဝံသ သဂြိုဟ်ဘာသာဋီကာ။

ထင်​ရှားမရှိ နဲ့ ထင်​ရှားရှိ

"ထင်ရှားမရှိနဲ့ ထင်ရှားအရှိ"
***********************

           ထို ၂ မျိုးသော အတ္ထတို့တွင် ပညတ္တိအတ္ထ သည် ထင်ရှားမရှိ။ ပုထုဇဉ်တို့က အဟုတ်ရှိ တကယ်ရှိဟု ထင်ကြသော်လည်း၊ သေသေချာချာ စစ်လေ
အဟုတ်မရှိ တကယ်မရှိ ဖြစ်လေ၏။
လူကောင်ကြီးကို စစ်ဆေးလျှင် ဆံပင် အမွှေးစသော ကောဋ္ဌာသ အစုအဝေး ကိုသာတွေ့ရ၏။ လူကိုမတွေ့ရ၊ ဆံပင် အမွှေး စသည်ကို စစ်ဆေးပြန်လျှင်လည်း ဆံပင် မတွေ့ရ၊အမွှေး မတွေ့ရ ၊
ရုပ် အစုအဝေး သာတွေ့ရ၏။ ဤသို့လျှင်
ပညတ္တိအတ္ထ ဟူသမျှသည် လောက အမှတ်အသား အတိုင်း "ရှိသည်"ဟု ဆိုရသော်လည်း ၊ ဉာဏ်ဖြင့် စစ်ဆေးကြည့်က အထင်အရှားမရှိကြတော့ချေ။ ရုပ်
နာမ် ဟူသော ပရမတ္ထ ကား စစ်ဆေးနိုင်လေ အဟုတ်ရှိကြောင်း ထင်ရှားလေ ဖြစ်၏။

        အရှင်ဇနကာဘိဝံသ
        သဂြိုဟ်ဘာသာဋီကာ။

ပရမတ္ထ

ပရမတ္ထ
********

ပရမတ္ထဟူသည် မုချဆတ်ဆတ်ဖြစ်သော အနက်သဘော၊ ဘလောင်းဘလဲ ပြောင်းလွဲခြင်း မရှိသော အနက်သဘောတည်း။ နှမ်းမှ ဆီကို ညှစ်ထုတ်ရသကဲ့သို့ ပရမတ္ထအနှစ်ကိုလည်း ပညတ္တိအတ္ထမှ ဉာဏ်ဖြင့် ညှစ်ထုတ်ရမည်။
 ချဲ့ဦးအံ့- လူဟူသော ပညတ္တိအတ္ထ ကို ဉာဏ်ဖြင့်ခွဲဖျက်၍ ဆံပင်တစ်ခြား အမွှေးတခြား ခြေသည်း-လက်သည်း သွား အရေ စသည်တို့ကို တစ်ခုစီ ခွဲထားလျှင် လူကောင်ပျက်၍ ဆံပင် စသည်တို့သာ ရှိမည်။
          ထို ဆံပင် စသည်များ လည်း ပညတ္တိအတ္ထ ပင်ဖြစ်၏။ ဆံပင်ကို စစ်ဆေးကြည့်လျှင် အဋ္ဌကလပ်ရုပ် ကလေးများ ပူးတွဲ စီစဉ် နေခြင်းကိုသာ တွေ့ရ၏။ အမွှေး စသည်၌ လည်း ဤနည်းပင်တည်း။ ထို အဋ္ဌကလပ် ရုပ် ကလပ်ကလေးတွေသာ ဧကန်ရှိသော ပရမတ္ထ တည်း။

       လူဒြပ်၌ အာရုံကို သိတတ်
ထိတတ် ခံစားတတ်သော (စိတ် ဖဿ ဝေဒနာ ) စသော
နာမ် ပရမတ္ထ များလည်းရှိသေး၏။ ဤသို့လျှင် လူဟူသော ပညတ္တိအတ္ထ မှ #ရုပ်နှင့်နာမ် ဟူသော ပရမတ္ထ ကို ထုတ်ယူရာ၏။ သက်မဲ့ ပညတ္တိအတ္ထ တို့တွင် တော ဟူသည် သစ်ပင်အများ စုပေါင်းနေသော အရာဝတ္ထုသာ တည်း ။ တကယ်တောဟု လက်ညှိုး ညွှန်စရာ မရှိ။ သစ်ပင်ဟူသည်လည်း ပညတ္တိအတ္ထ ပင်ဖြစ်၏။ ထိုသစ်ပင်၏ အစိတ်အစိတ် အဋ္ဌကလပ်ရုပ် မှုန့်လေးတွေသာ ပရမတ္ထ ဖြစ်သည်။
ဤသို့လျှင် သက်ရှိ သက်မဲ့ ပညတ်စုမှ ဉာဏ်ဖြင့် ထုတ်ယူမှုကို ရည်ရွယ်၍ "နိဗ္ဗတ္တိတ
ပရမတ္ထဘာဝေနာတိ-ပညတ္တိတော ဝိသုံ ဥဒ္ဓတပရမတ္ထဘာဝတော"ဟု မဏိမဉ္ဇူသာ ဋီကာ ဖွင့်သည်။

    ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ သဂြိုဟ်ဘာသာဋီကာ။

ပညတ္တိအတ္ထ

#ပညတ္ထိအတ္ထ
*********
         လူ နတ် ဗြဟ္မာ စသော သက်ရှိသတွာ အကောင်အထည် ဒြပ် နှင့် ရေမြေတောတောင် အိမ် ကျောင်း စသော
သက်မဲ့ အရာဝတ္ထု ဟူသမျှသည် ပညတ္တိ
အတ္ထမည်၏။ ရှေးလူကြီး သူမ တို့ သမုတ်ထား အပ်သော အနက်ဒြပ် ဖြစ်သောကြောင့် ထိုပညတ္တိ အတ္ထကို သမ္မုတိ အတ္ထဟုလည်း ဆိုအပ်၏။
[ပညပီယတိ - ဤကဲ့သို့ အကောင်အထည်ဒြပ် ကို လူဟုလည်းကောင်း
ဤကဲ့သို့သစ်ပင်တွေစုပေါင်း နေသောအရာကို တောဟုလည်းကောင်း
ခေါ်ဝေါ်အပ် ပညတ်အပ်၏။ ဣတိ- ထို့ကြောင့် ပညတ္တိ - ပညတ်မည်၏။ ပညတ္တိစ - ပညတ်လည်းဟုတ်၏။
သာ- ထိုပညတ်ဟူသည် အတ္ထောစ-
အနက်ဒြပ်လည်းဟုတ်၏။ ဣတိ - ထို့ကြောင့် ပညတ္တိအတ္ထော - ပညတ္တိအတ္ထမည်၏။ သမ္မနိယတေ- အထင်အရှားမရှိ ပါပဲ (ရှေးလူကြီးတို့)သမုတ်ထားအပ်ပါ၏။
ဣတိ- ထို့ကြောင့် သမ္မုတိ- သမ္မုတိမည်၏။

        အရှင်​ဇနကာဘိဝံသ        
   သဂြိုဟ် ဘာသာဋီကာ ။