Monday, March 14, 2016

ပဋိစ္စသမုပ္ပါဒ်​ နည်း​လေးပါး ၃

✔ ✔ ပဋိစ္စသမုပ္ပါဒ် နည်း ၄ ပါး အပိုင်း-၃✔ ✔

    #အဗျာပါရနည်း

             အဝိဇ္ဇာ ကြောင့် သင်္ခါရ ဖြစ်ရာ၌ `ငါသည် သင်္ခါရ

ကိုဖြစ်စေမည်´ ဟု အဝိဇ္ဇာ ဝယ်ကြောင့်ကြဗျာပါရ မရှိ။

သင်္ခါရ ကြောင့် ဝိဉာဏ်ဖြစ်ရာ၌လည်း `ငါသည် ဝိဉာဏ်

ကိုဖြစ်စေမည်´ဟု သင်္ခါရ ဝယ် ကြောင့်ကြဗျာပါရ မရှိ။

ဤသို့ စသည်ဖြင့် အကျိုးတရားကို ဖြစ်စေရာ၌ အကြောင်း

တရားစုတွင် ကြောင့်ကြ ဗျာပါရ မရှိပုံကို သိရသောနည်း

သည် အဗျာပါရနည်း မည်၏။ ဤနည်းဖြင့် ဆင်ခြင်လိုက်

သောအခါ အကြောင်းတရား အကျိုးတရားတို့ ဘာသိဘာ

သာ ဖြစ်နေပုံကို သိမြင်ရသဖြင့် `#ဤကမ္ဘာလောကကြီး

နှင့်တကွ သတ္တဝါတွေကို ထာဝရဘုရား စသူတို့က

ဖန်ဆင်းပေးနေသည် ´ဟူသော ဣဿရနိမ္မာန ဝါဒသည်

၎င်း၊ `မိမိခန္ဓာကိုယ် အတွင်း၌ ထိုထို အမှုကိုပြုလုပ်ခံစား

တတ်သော အတ္တရှိသည်´ဟု စွဲလန်းတတ်သော အတ္တဒိဋ္ဌိ

သည်၎င်း၊ အလိုလို ကင်းပျောက်တော့၏။

အရှင်ဇနာကာဘိဝံသ- သဂြိုဟ်ဘာသာဋီကာ ။

No comments:

Post a Comment