Monday, March 14, 2016

ဓမ္မ

✔ ✔ ဓမ္မ ✔ ✔

  #မိမိ ဟုဆိုအပ်သော တရားကို ဆောင်ကုန် ကျင့်ကုန်

သော သတ္တဝါတို့ကို အပါယ်လေးပါး မှ၎င်း၊ ဝဋ်ဆင်းရဲ

မှ ၎င်း ၊ ထုတ်ဆောင် တတ်သောကြောင့် ဓမ္မဟု

ခေါ်သည်။

#ဓမ္မ အရ မဂ် ၄ ပါး , ဖိုလ် ၄ ပါး , နိဗ္ဗာန် တရား ၉မျိုးရ၏

တနည်း နိဗ္ဗာန် အရ မဂ်၎ ပါး ဖိုလ် ၄ ပါး ၊နိဗ္ဗာန် ၊ပရိယတ်

တရား ၁၀ မျိုးရ၏။

#၉ပါး / ၁၀ ပါးသော တရားတော် တို့၏ ဆောင်ခြင်း

ဆိုသည်မှာ အပါယ် စသည်တို့၌ ဖြစ်စေတတ်သော

ကိလေသာ ကို ဖျက်ဆီးခြင်း သည်ပင် ဓမ္မ၏ ဆောင်ခြင်း

မည်ပါပေသည်။

✔ #မဂ် ၄ ပါး ၊ နိဗ္ဗာန် သည် ကိလေသာကို ဖျက်ဆီး

တတ်၍ မုချ အားဖြင့် ဓမ္မ မည်၏။

#ဖိုလ် ၄ ပါး ၊ ပရိယတ် တို့သည် ဥပစာ အားဖြင့် ဓမ္မမည်

၏။

#အရိယာမဂ် သည် ကိလေသာတို့ကို အကြွင်းမဲ့

ဖြတ်တတ်သည့် အဖြစ်ကြောင့် မုချ အားဖြင့် ဓမ္မမည်၏။

နိဗ္ဗာန် သည်လည်း ထိုအရိယာမဂ်က နိဗ္ဗာန်ကို အာရုံပြု

လျှက် ကိလေသာတို့ကို အကြွင်းမဲ့ ဖြတ်ခြင်း ကိစ္စပြီးစီး

စေခြင်း၏ အကြောင်းဖြစ်သောကြောင့် ဓမ္မအမည်ရအပ်၏

#ဖိုလ်သည် ကိလေသာကို တဖန်ထပ်၍ ငြိမ်းစေခြင်း၏

အစွမ်းဖြင့် မဂ်အားလျော်စွာ ဖြစ်သော အကျိုးတရား

ဖြစ်သောကြောင့် #ဥပစာ (ကာရဏူပစာ)အားဖြင့်

ဓမ္မ မည်၏။

#ပရိယတ်သည်လည်း ထို အရိယာမဂ် ဖိုလ် နိဗ္ဗာန်ကို

ရခြင်း၏ အကြောင်းတရား ဖြစ်သောကြောင့် #ဥပစာ

(ဖလူပစာ) အားဖြင့် ဓမ္မ မည်၏။

ကာရဏူပစာ = အကြောင်း၏ အမည်ကို အကျိုး၌တင်စား
                      ခေါ်ဝေါ်ခြင်း။
ဖလူပစာ= အကျိုး၏ အမည်ကို အကြောင်း၌ တင်စားခေါ်
                ဝေါ်ခြင်း။

      ဘဒ္ဒန္တ ဝါယမ. ဋီကာကျော် ပို့ချချက်။

No comments:

Post a Comment