✔ ✔ သမ္မပ္ပဓာနတရား ၄ ပါး အပိုင်း ၄ ✔ ✔
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
➳ အနုပ္ပန္န ပါပက ဟူသည် အဘယ်နည်း။
#မည်သူ့ သဏ္ဍာန်၌ မဆို အနမတဂ္ဂသံသရာ၌ မဖြစ်ဖူး
သေးသော အကုသိုလ် ဟူ၍မရှိ။ အကုသိုလ် မျိုးစုံအောင်
ဖြစ်ဖူးကြသည်သာ ။ ထို့ကြောင့် အနုပ္ပန္န အရ ဤဘဝ၌
လုံးဝမဖြစ်ဖူးသေးသော အကုသိုလ် ကိုယူရမည်။
ဤဘဝ၌ ပါဏာတိပါတ ကို တခါမှ မပြုဖူးလျင် ထိုပါဏာ
တိပါတ သည် အနုပ္ပန္န ဖြစ်သည်။
#ထိုကဲ့သို့ မဖြစ်ဖူးသေးသော အကုသိုလ်များကို မဖြစ်ရ
လေအောင် ဒါန သီလ ကို အားထုတ်ခြင်း ကမ္မဋ္ဌာန်း
ဘာဝနာ စီဖြန်းခြင်း ဝတ်ကြီးဝတ်ငယ်ပြုခြင်း ပရိယတ္တိ
သင်အံ ပို့ချ ရေးသားခြင်း ဖြင့် ရှောင်ရမည်။
အကုသိုလ် ဖြစ်လောက်အောင် အာရုံအသစ်အဆန်း
ကိုကြုံတွေ့ရလျင်လည်း အကုသိုလ်မဖြစ်အောင်
ကြိုးစားသတိထား၍ ရှောင်ရမည်။
♕ #သမ္မပ္ပဓာန ဝိဘင်း အဋ္ဌကထာ၌မူ ဤတဘဝမှာ
ပင် ငယ်စဉ်က ဖြစ်ဖူးစေကာမူ အချိန်အတန်ကြာအောင်
ငြိမ်ဝပ်နေသော အကုသိုလ်များကိုလည်း အနုပ္ပန္နပါပက
ဟု ခေါ်နိုင်ဖွယ်ရှိသည်ဟု ဖွင့်သည်။
♨ အရှင်ဇနကာဘိဝံသ - သဂြိုဟ်ဘာသာဋီကာ ။
No comments:
Post a Comment