✔ ✔ ပရမတ်၏ မဖောက်ပြန်ပုံ ✔ ✔
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
ပထဝီဓာတ်သည် ခိုင်မာခြင်း ကက္ခဠ လက္ခဏာ ရှိ၏။ ပထဝီ၏ ခိုင်မာခြင်း သဘောကိုဖွဲ့စည်းခြင်း(အာဗန္ဓန ) သဘောသို့ ပြောင်းအောင် ၊ စိတ်၏ အာရုံကိုသိခြင်း ဝိဇာနာန သဘောကို ဖုသန စသောသဘောသို့ ပြောင်းအောင်
၎င်း။ ဖဿ ၏ တွေ့ထိခြင်းသဘောကို ခံစားခြင်းစသော သဘောတမျိုးသို့ ပြောင်းလဲအောင် မည်သူ တဦးမျှ မတတ်နိုင်။ နိဗ္ဗာန်၏ သန္တိသဘော
မပြောင်းလဲ ပုံမှာ ဆိုဖွယ်ရာမရှိပြီ။
ဤသို့လျှင် လောဘကလည်းလိုချင်မှု သဘောက မပြောင်းလဲ။ အလောဘက လည်း မလိုချင်မှုက ပြောင်းမသွားတာ ကိုပဲ " ပရမော" မြတ်သော အတ္ထော အနက်တည်း
မရမတ္ထော - မြတ်သော အနက်သဘော´ ဟုဆိုရပေသည်။
✔ ✔ ဟိနာဓမ္မာနှင့် ပရမတ္ထ ✔ ✔
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
ဟိနာ ဓမ္မာဟူသော မာတိကာ ပုဒ်
၌ယူရသော အကုသိုလ်စိတ် စေတသိက်တို့သည်
ဤပရမတ္ထဓမ္မ၌ ပါဝင်ကြ၏။ ဟိနာဆိုသောစကား
နှင့် ပရမတ္ထ ဟူသော သဘောသည် မဆန့်ကျင်ဘူးလားဟု မေး အကုသိုလ် တရားများကို တကယ်ယုတ်ညံ့၍ ဟိန ဟုဟောတော်မူသည်။
သို့သော် လောဘမှန်လျှင် ခွေးသဏ္ဍာန်ဖြစ်ဖြစ်
ဗြဟ္မာကြီးသဏ္ဍာန် ဖြစ်ဖြစ် လိုချင်မှု သဘောမှ
မပြောင်းလဲပဲ ခိုင်မြဲတည့်မတ်သောကြောင့်
ပရမ ဟု ဆိုအပ်၏။
ပရမသဒ္ဒါသည် ဟိန သဒ္ဒါ ၏ ဆန့်ကျင်ဘက် ပဏီတ အနက်ကိုမပြ ။ မဖောက်မပြန်မှန်ကန်
တည့်မတ်ခြင်း (အဝိပရီတ ) အနက်ကိုပြရကား
ဟီန နှင့် ပရမ တို့ မဆန့်ကျင်ကြပေ။
အရှင်ဇနကာဘိဝံသ သဂြိုဟ်ဘာသာဋီကာ။
No comments:
Post a Comment