Monday, March 14, 2016

သဒ္ဓါ

✔ ✔ သဒ္ဓါ ✔ ✔
❆ ❆ ❆ ❆ ❆ ❆ ❆

      #သဒ္ဓါသည် ယုံကြည်ခြင်း လက္ခဏာရှိ၏။ ဘုရား
တရား သံဃာ ရတနာမြတ် သုံးပါး၌ သံသယမရှိ စိတ်ချလက်ချ ယုံကြည်ခြင်း လက္ခဏာရှိ၏။ ထို့ကြောင့် ဤ
သဒ္ဓါကို `သဒ္ဓါဓိမောက္ခ - ယုံသောအားဖြင့် ဆုံးဖြတ်မှု´
ဟု အချို့အရာ၌သုံးသည်။
       #ကြည်လင်စေခြင်း ကိစ္စရသ ရှိ၏။ စကြ်ာမင်း၏
ပတ္တမြား ရတနာကို နောက်ကျူနေသော ရေထဲသို့ထည့်
လိုက်သော အခါ အနည်ကျ၍ ကြည်လာသကဲ့သို့ စိတ်
အစဉ်၌ သဒ္ဓါယှဉ်သောအခါ နီဝရဏ တွေ ကွယ်ပျောက်၍
ကြည်လင်သောစိတ်အစဉ် ဖြစ်လာသည်။
  ထို့ကြောင့် သဒ္ဓါကို ယုံကြည်ခြင်းဟု သုံးကြသည်။

#ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ။ ။ အကာလုဿိယဥပဋ္ဌာနာ- မ
နောက်ကျူသည် အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အားထင်လာ
သည်။ သဒ္ဓေယျဝတ္ထုပဒဋ္ဌယနာ - ယုံကြည်ထိုက်သော
ဝတ္ထုလျင် နီးစွာသော အကြောင်း ရှိ၏။ #သေဒၶယ် ဝတၳဳ
များကား - ရတနာ သုံးပါး ကံနှင့်ကံ၏ အကျိုး ပစ္စုပ္ပန် လောက တမလွန်လောက တို့တည်း။
့် ဤစကားရပ်ဖြင့်
ရတနာ ၃ ပါး၏ ဂုဏ်ကို ယုံကြည်မှု။ ပြုအပ်သမျှ ကံ သည်
သတ္တဝါတို့ သဏ္ဍာန်၌ သတ္တိတမျိုး အားဖြင့် ရှိနေသည် ဟု
ယုံကြည်မှု။ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုး ရှိ၏ ဟု
ယုံကြည်မှု ။ ဤယုံကြည်မှုမျိုးသည်သာ သဒ္ဓါ အစစ်ဖြစ်
ကြောင်းသိသာပြီ။

     ✔ ✔ #သဒ္ဓါတု ✔ ✔

     ★ ★ #ယခုအခါ ၌ကား `ဘုရားတန်ခိုးပြသည် ၊
ရောင်ခြည်တော် လွှတ်သည် ၊ ဓာတ်တော် အစစ် ၊´စသည်
ဖြင့် လိမ်လည် လှည့်ပတ်၍ ပြောအပ်သည်ကို တကယ်
အစစ် ထင်မှတ်၍ #သဒ္ဓါတရား ဖြစ်ကြသည် " ဟုဆို၏။

          ★ ★ #ထိုသို့ဖြစ်ရာ၌ သဒ္ဓါအစစ် မဟုတ်နိုင်။

★ ★ #မှားမှား မှန်မှန် ယုံကြည်တိုင်း သဒ္ဓါတရားဟု

ဆိုလျှင် #မိစ္ဆာ အယူရှိသူတို့လည်း မိမိ တို့ ဘုရား တရား

ကိုလွန်စွာကျေနပ်ကြ၏။ #မဟာဒေဝ ဘုရား နိမိတ်အင်္ဂါ
နှင့် ကြင်ယာတော် နတ်သမီး နိမိတ် ပုံတို့ကို ပူးတွဲစပ်ပြီး
မဟာဒေဝ ဘုရားနှင် စန္ဒီနတ်သမီး အမှတ်ဖြင့် ပူဇော်ကြ
ကုန်၏။

     ✔ ✔ #မိစ္ဆာ ဓိမောက္ခ ✔ ✔

           #ဤသို့ မိမိတို့ ဆိုင်ရာဝယ် လွန်စွာကြည်ညိုကြ
ခြင်းသည် #သဒ္ဓါစစ် မဟုတ် ။ မိစ္ဆာ ဓိမောက္ခ ခေါ် သဒ္ဓါတု သာတည်း။
 #တရားကိုယ်အားဖြင့် မောဟ ဒိဋ္ဌိ တပါးပါး ပြဋ္ဌာန်းသော
အကုသိုလ် စိတ္တုပ္ပါဒ်သာ လျော်စွာဖြစ်ရာ၏။ ။

★ ★ #ကာဠနဂါးမင်းက ဘုရားရှင်၏ ပုံတော် ဖန်ဆင်းပြရာ၌ ဓမ္မာသောက မင်း၏ လွန်စွာကြည်ညိုသော သဒ္ဓါမျိုး ကဲ့သို့ ဘုရားရှင် ကိုယ်တော်မြတ်၏ ဓာတ်တော်
ဆင်းတုတော် စွယ်တော်တုများ၌ `အတုသည်ပင် ဤမျှ
သပ္ပါယ် တင့်တယ်တော်မူသေး၏´ ဟု အောက်မေ့ကာ
ကြည်ညိုသော အရာမျိုး၌ #သဒ္ဓါအစစ် ဖြစ်ဖွယ်ရှိသည်။

      အရှင်ဇနကာဘိဝံသ -သဂြိုဟ်ဘာသာဋီကာ ။

No comments:

Post a Comment