Monday, March 14, 2016

သဘာဝရူပံ

✔ ✔ သဘာဝရူပံ ✔ ✔
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

        ` ဘာဝီယတိ လက္ခီယတိ ဧတေနာတိ ဘာဝေါ " အရ မှတိသားကြောင်း လက္ခဏာကို ဘာဝ
ဟုခေါ်သည်။ မိမိတပါးတည်း၏ လက္ခဏာ ကို သဘာဝခေါ်၏။ ကက္ခဠ လက္ခဏာသည် ပထဝီ
တပါးတည်း၏ ကိုယ်ပိုင် လက္ခဏာ ဖြစ်သကဲ့သို့ပင်
ဤသို့ မိမိ ဆိုင်ရာ သီးခြားလက္ခဏာ ရှိသော ရုပ်ကို သဘာဝရုပ် ဟုခေါ်သည်။
#သန္တောဘာဝေါ သဘာဝေါ " ပရမတ္ထ အားဖြင့်
အထည်ကိုယ် ထင်ရှား ရကောင်းသောရုပ်
ဟု ဆိုလိုသည်။

     ✔ ✔ အသဘာဝရုပ် ✔ ✔
     ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

              အာကာသ စသော ရုပ်များကား
ဤသို့ အထည်ဝတ္ထု အထင်အရှား မရကောင်းသောကြောင့် အသဘာဝရုပ်မည်၏။
      #အာကာသ စသော ရုပ် ၁၀ ပါးတွင်
အာကာသ (အကြား) ဟူသည် အထည်ဝတ္ထု အထင်အရှားမရှိ။ ရုပ်ကလပ် ၂ ခုတို့ပေါင်းစပ်မိ
လျှင် အလိုလို အာကာသဓာတ် ပေါ်လာ၏။
ပရမတ္ထ အစစ်ဖြစ်သော နိဗ္ဖန္နရုပ် များတွင်
ကပ်မြှောင်၍ ပါလာသော သဘောဖြစ်၍ ရုပ်ဟု
ခေါ်ရသည်။ စင်စစ် ပရမတ် ရုပ်အစစ်ပင်မဟုတ်
ပညတ်မျှသာတည်း။ ထိုရုပ် ၁၀ ပါးတွင် ဝိညတ်မှာ
အတော်ပင်ထင်ရှား၏။ ထိုဝိညတ်သော်မှ ပရမတ်
မဟုတ်ကြောင်းကို အဋ္ဌသာလိနိ အဖွင့်မူလဋီကာ၌
`န စိတ္တသမုဋ္ဌာနာတိ ဧတေန ပရမတ္ထတော အဘာဝံ ဒေဿတိ ´ ဟု မိန့်ပြီ။

    အရှင်ဇနကာဘိဝံသ

No comments:

Post a Comment